Saturday, 16 May 2020

မြန်မာ့သမိုင်းမှ ပထမဆုံး လေကြောင်းတိုက်ပွဲ အကြောင်း

[Unicode]မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံး လေကြောင်း 
တိုက်ပွဲ

မြန်မာ့ တပ်မတော် (လေ) ကို စတင်တည်ထောင် ဖွဲ့စည်းခဲ့ချိန် မှ စတင်ရေတွက်သော် ( ၁၄ ) နှစ် အကြာ၊ (၁၉၆၁) ခုနှစ်၊ ဖေဖော်ဝါရီ လ (၁၅) ရက်၊ ဗုဒ္ဓဟူး နေ့။ တိတိကျကျဆိုရပါလျှင် တပ်မတော် (လေ) ၏ သက်တမ်း (၁၄) နှစ် နှင့် (၃၀) ရက် ပြည့်မြောက်သည့် နေ့ရက်၏ နံနက်ခင်းအချိန်။ သည်လို တပေါင်းလဆန်း ကာလတွင် မိခင် လေတပ် စခန်းဌာနချုပ် တည်ရှိရာ မှော်ဘီလေတပ်စခန်း တွင်တော့ ဆောင်းရာသီ ၏ အရသာပျောက်ဆုံး လောက်ပြီဖြစ်သော်လည်း မြန်မာပြည် အရှေ့ပိုင်းမှ ကျိုင်းတုံ မြို့လေးတည်ရာ ရှမ်းကုန်း ပြင်မြင့် ထက်
တွင်တော့ဆောင်း၏ အငွေ့အသက်များက မပျောက်ပျယ် သေးပါချေ။ ဒယ်အိုးသဖွယ် တောင်ပတ် လည်ဝန်းရံထားသော ကျိုင်းတုံ မြို့၏ ရာသီဥတုမှာ နေချင့် စဖွယ် နွေးထွေး လျက် နေ့ လည်ခင်း နာရီ ပြန် (၂) ချက်တီး သည့် တိုင် ခါတိုင်း နေ့ရက် များ လိုပင် အေးဆေး ငြိမ်သက် လို့ နေခဲ့ သည်။

ထိုခေတ် ထို ကာလ ၌ ကျိုင်းတုံ လေတပ် ဆွယ် သို့ ရောက်လာ ကြ သည့် လေ သူရဲများ အတွက် တည်းခို ရာ နေရာ ဖြစ်သည့် ကျိုင်းတုံ လေယာဉ် ကွင်း အနီး ရှိ ခြေလျင် တပ်ရင်း ၏ အရာရှိ ရိပ်သာ အတွင်း တွင် တပ်မတော် (လေ) မှ လေ သူရဲ နှစ်ဦး ဖြစ်ကြ သည့် ဗိုလ် ချစ်ခိုင် (လေ / ၁၂၁၆) နှင့် ဒုဗိုလ် ပီတာ (လေ / ၁၂၉၂) တို့ နှစ်ဦး မှာ နေ့လည်စာ ထမင်း စားပြီး ချိန် ကတည်း က စစ်တုရင် ကို သဲကြီး မဲကြီး ထိုးနေ ကြ သည်။ သူတို့ နှစ်ဦး နှင့် မလှမ်း မကမ်း ရှိ ပက်လက် ကုလား ထိုင် ထက်တွင် လည်း မျက်နှာ ပေါ်တွင် စာအုပ် တအုပ် ကိုတင်လျက် အိပ်မော ကျနေသူ တဦး ကို တွေ့မြင် ရပေ သည်။ ထိုသူ သည်ကား အမှတ် (၂) အုပ်မှ လေသူရဲ ဗိုလ်ကြီး ခင်မောင်မြင့် ပေတည်း။ စစ်တုရင် ကစား နေသည့် လေသူရဲ ဗိုလ် ချစ်ခိုင် နှင့် ဒုဗိုလ် ပီတာ တို့ မှာ ဆီးဖြူရီ အမျိုး အစား တိုက် လေယာဉ် မောင်းများ ဖြစ်ကြ ပြီး ဗိုလ်ကြီး ခင်မောင်မြင့် မှာ ဒါကိုတာ အမျိုးအစား လေယာဉ် ကို မောင်းနှင် သူ ဖြစ် လေသည်။ တပ်ပိတ် ရက် လည်း မဟုတ်၊ ရုံးဆင်း ချိန် လည်း မဟုတ် သည့် သည်လို အချိန်မျိုး တွင် အေးအေး လူလူ ရှိနေသည့် သူတို့ သုံးဦး အား အပြစ်တင် မည် ဆိုပါက တက်တက် စင်အောင် မှားချေ ရော့ မည် တည်း။ သေချာစွာ ကြည့်မည် ဆိုပါက သူတို့ သုံးဦး စလုံး ၏ ခန္ဓာ ကိုယ် ထက် တွင် လေယာဉ် မောင်း ဝတ်စုံ ပြာ များကို အရေးကြီး စစ်ဆင်ရေး တာဝန် ပေါ်ပေါက် လာလျှင် အဆင်သင့် ဖြစ်အောင် ဝတ်ဆင် ထားကြ ခြင်း ကို မလွဲ ဧကန် မြင်ရ ပေလိမ့် မည်။

သူတို့ သုံးဦး စလုံး သည် ဤ ကျိုင်းတုံ လေယာဉ်ကွင်း သို့ ရောက်ရှိ နေသည် မှာ (၉) ရက် မျှသာ လျှင် ရှိသေး သည်။ သူတို့ တာဝန် ထမ်းဆောင် သည့် အမှတ် (၁) တိုက် လေယာဉ် အုပ် သည် ဇန်နဝါရီ လ (၄) ရက် ကတည်း က စတင် ၍ ရန်သူ တရုတ် ဖြူ စခန်း များသို့ အကြိမ် ပေါင်း မြောက်မြား စွာ လေကြောင်း မှ သွားရောက် တိုက်ခိုက် ခဲ့ကြ သည်။ အဓိက အားဖြင့် မြေပြင် ရှိ ရန်သူ အခိုင် အမာ တပ်စွဲ ထားရာ စခန်း များ သို့ ဝေဟင် မှ ပစ်ခတ် တိုက်ခိုက် ခြင်း တာဝန် ကို ယူခဲ့ ကြ ရသည်။ စစ်ဆင်ရေး စတင် ခဲ့ ချိန် တွင် အမှတ် (၁) တိုက် လေယာဉ် အုပ် ၏ တပ်စွဲ ထားရာ နေရာ မှာ နမ့်ဆန် လေယာဉ် ကွင်း တွင် ဖြစ်ပြီး ရန်သူ များ နယ်စပ် သို့ ဆုတ်ခွာ သွားနေပြီ ဖြစ်သဖြင့် ရန်သူ များ တည်ရှိရာ နယ်စပ် နှင့် ပိုမို နီးစပ် သော ကျိုင်းတုံ မြို့သို့ ဖေဖော် ဝါရီ လ (၂) ရက် နေ့ တွင် လေ တပ်ဆွယ် တခုလုံး ပြောင်းရွေ့ ရောက်ရှိ လာခဲ့ ကြခြင်း ပင်။

စစ်တုရင် ကစား နေသည့် လေသူရဲ နှစ်ဦး မှာ ရိပ်သာ ရှေ့ သို့ ဂျစ်ကား တစီး ဖြင့် ရောက်လာ သည့် အမှတ် (၁) အုပ်မှ လေသူရဲ ဗိုလ် စံမြင့် ကြောင့် သူ တို့ ၏ ကစားပွဲ ကို ရပ်နား လိုက်ကြ ကာ ဂျစ်ကား ပေါ်သို့ အလျင် အမြန် တက်ရင်း ဗိုလ်စံမြင့် ခေါ်ဆောင် ရာ လေယာဉ် ကွင်း ဆီသို့ အတွေး ကိုယ်စီ ဖြင့် လိုက်ပါ လာခဲ့ ကြ လေသည်။ ဗိုလ်စံမြင့် သည်လည်း ဗိုလ် ချစ်ခိုင်၊ ဗိုလ် ပီတာ တို့ ကဲ့သို့ တိုက် လေယာဉ် မောင်းနှင် ရသူ လေ သူရဲ တဦး ဖြစ် သော်လည်း ကျိုင်းတုံ တပ်ဆွယ် ၌ အပေါ့ စား ခရီးသည် တင် လေယာဉ် (ဆက်စနာ) လေယာဉ် မောင်းနှင် မည့်သူ မရှိ ခြင်း ကြောင့် အာဂန္တု စက်စနာ လေယာဉ် မှူး ကလေး ဖြစ်နေ ရရှာသူ ပင် တည်း။ ဆောင်း အကုန် နွေ အကူး ကာလ မို့ ဖုန် အလူးလူး ထ နေသည့် ရိပ်သာ နှင့် လေယာဉ် ကွင်း ကို ဆက်သွယ် ဖောက်လုပ် ထားရာ မြေနီ လမ်း ကလေး ထက်တွင် ဂျစ်ကား ကလေး သည် ခုန်ပေါက် မောင်းနှင် ရင်း ကျိုင်းတုံ လေယာဉ် ကွင်း ဆီသို့ သူတို့ ရောက်ခဲ့ ပြန် လေပြီ။

လေဆိပ် အဆောက် အအုံ ရှေ့တွင် တော့ ဆီဖြူရီ တိုက် လေယာဉ် သုံးစီး က တိုက်ပွဲ ဝင်ရန် အသင့် အနေ အထား ဖြင့် လက်နက် အစုံ အလင် တပ်ဆင် ကာ သူ တို့အား စောင့်ကြို လျက် နေပေ ပြီ။ အမှတ် (၅၀၁) လေတပ် စခန်း ၏ တပ်မှူး တာဝန် နှင့် အမှတ် (၁) တိုက် လေယာဉ် အုပ် ၏ အုပ်မှူး တာဝန် တို့ကို ပူးတွဲ တာဝန် ယူထား သည့် ဗိုလ်မှူး တင်မောင်အေး ကိုလည်း တိုက် လေယာဉ် တစီး ၏ နံဘေး တွင် ဗိုလ် မောင်သိန်း (လေ/၁၂၀၁) နှင့် အတူ ရပ်နေ သည်ကို တွေ့ လိုက်ရ သည်။ စစ်ဆင် ရေး ဝတ်စုံ ကို အသင့် ဝတ်ထား သည့် ဗိုလ် မောင်သိန်း ၏ လက်ထဲ တွင်တော့ လေကြောင်း သုံး မြေပုံ တချပ်။ ယနေ့ နံနက် (၀၉း၀၀) နာရီ အချိန့်ခန့် ကပင် ဗိုလ်မှူး တင်မောင်အေး နှင့် ဗိုလ် မောင်သိန်း တို့ နှစ်ဦးသား ကျိုင်းတုံ လေယာဉ် ကွင်း မှ နေ၍ တာချီလိတ် သို့ ဆက်စနာ လေယာဉ် တစီး ဖြင့် ထွက်သွား ခဲ့ကြ သည်။ တာချီလိတ် လေယာဉ် ကွင်း အတွင်း ၌ ခေတ္တ ဆင်း ကာ တာချီလိတ် တွင် တပ်စွဲ ထားသော ခြေလျင် တပ်ရင်း မှ တပ်ရင်းမှူး ကို ခေါ်ဆောင်ပြီး တာချီလိတ် မြို့ နှင့် မနီး မဝေး အရပ်မှ ရန်သူ့ မြေပြင် စခန်း များကို ကောင်းကင် ယံ မှ ကင်းထောက် ပျံသန်း ခဲ့ကြ သည်။ ယခု နေမွန်း တိမ်းချိန် တွင် ကျိုင်းတုံ သို့ ပြန်ရောက် လာပြီး သူ တို့ကို ခေါ်သည် ဆိုတော့ တခုခု တော့ အကြောင်း ထူး ရှိပေ လိမ့်မည်။ သေချာ သည်က သူတို့ ယခု တိုက်ပွဲ ဝင်ရမည် ဆိုသည် သာ တည်း။ ဗိုလ် မောင်သိန်း၊ ဗိုလ် ချစ်ခိုင်၊ ဒုဗိုလ် ပီတာ တို့ (၃) ဦး ကို ဗိုလ်မှူး တင်မောင်အေး က သူတို့ ထမ်းဆောင် ရမည့် တာဝန် ကို အကျဉ်း ချုပ် ရှင်းပြ သည်ကား ဤသို့ တည်း။

ဖြစ်စဉ် အဖွင့်

မနက်ခင်း က ဗိုလ်မှူး တင်မောင်အေး နှင့် ဗိုလ် မောင်သိန်း တို့ နှစ်ဦး ကင်းထောက် ပျံသန်း နေစဉ် ရန်သူ တရုတ် ဖြူ တပ်များ တပ်စွဲ ထားရာ တာချီလိတ် အ နောက် တောင်ဘက် မလှမ်း မကမ်း တွင် ရှိသော ဝမ်းပန်ဆန်း ဒေသ ကောင်းကင် တွင် ကင်းထောက် ပျံသန်း နေစဉ် မြေပြင် ရှိ တရုတ် ဖြူ တပ် စခန်းမှ DZ  (DroppingZone = ဝေဟင် ပစ္စည်း ချရန် အမှတ် အသား) အချက် ပြ နေသည် ကို တွေ့ရှိ ခဲ့ရ သည်။ ယခင် ခါတိုင်း နေ့ များ ကလည်း ပစ္စည်း ချပေး ခဲ့ပြီး ယနေ့ တွင် လည်း ပစ္စည်း ချရန် အစီစဉ် ရှိ ၍သာ DZ အမှတ် အသား ခင်းထား ခြင်း ဖြစ်ကြောင်း ဗိုလ်မှူး သူရ တင်မောင်အေး မှ သုံးသပ် လိုက်ပြီး ကျိုင်းတုံ သို့ အမြန် ပြန် ခဲ့သည်။ ခြေလျင် တပ်များ ထံမှလည်း မကြာ ခဏ ဆိုသလို ပင် မြန်မာ ပြည် နယ်နိမိတ် အတွင်းသို့ ဖြတ်ကျော် ပျံသန်း လာသည့် ရန်သူ့ လေယာဉ် သတင်း များ ပေးပို့မှု ကို လက်ခံ ရရှိ ထား သဖြင့် ယခု မြင်တွေ့ လိုက်ရ သည့် DZ အမှတ် အသား အရ ရန်သူ့ လေယာဉ် အနည်းဆုံး တစီး သည် ယနေ့ တွင် မြန်မာ့ ဝေဟင် ပိုင်နက် ဆီသို့ ဝင်ရောက် လာမည်မှာ မလွဲ ဧကန်။ မကြာ သေး ခင် ကာလ များ ဆီ ကလည်း ဗိုလ်မောင်သိန်း နှင့် ဗိုလ်ချစ်ခိုင် တို့ နမ့်ဆန် တပ်ဆွယ် မှ နေ၍ ကျိုင်းတုံ သို့ ခေတ္တ ရောက်စဉ် တွင် မဲခေါင် စစ်ဆင် ရေးမှူး ဗိုလ်မှူးကြီး ထွန်းစိန် က ရန်သူ့ လေယာဉ် များ ဝင်ရောက် နေသည့် သတင်း ကို ထပ်မံ အတည် ပြု ခဲ့ သဖြင့် ယနေ့ ဖေဖော်ဝါရီ လ (၁၅) ရက် တွင် ရန်သူ့ လေယာဉ် ဝင်ရောက် မည်မှာ သေချာ နေ ပေပြီ။

ဖြစ်စဉ်

သုံးသပ်ချက် များ အရ ရန်သူ့ လေယာဉ်ပျံ ဝင်ရောက် မည် မှာ သေချာ နေပြီ မို့ ဆီးဖြူရီ လေယာဉ် အမှတ် (UB 464) မောင်းနှင် သော ဗိုလ် မောင်သိန်း ခေါင်း ဆောင်ပြီး (UB 466) မောင်း နှင်သော ဒုတိယ ဗိုလ် ပီတာ နှင့် (UB 465) မောင်းနှင် သော ဗိုလ် ချစ်ခိုင် တို့ပါဝင် သည့် ဆီးဖြူရီ တိုက် လေယာဉ် (၃) စီးပါ အုပ် အား DZ တွေ့ရှိ ခဲ့ရသော နယ်မြေ သို့ စေလွတ် ခဲ့သည်။ ဗိုလ်မှူး သူရ တင်မောင်အေး သည် သူ ကိုယ်တိုင် လိုက်ပါရန် ဖြစ်သော်လည်း သူဆောင်း နေကျ လေ သူရဲ ဦးထုပ် တပ်မဟာ ရုံး တွင် ကျန်ရစ် ခဲ့သဖြင့် သွားယူ နေလျှင် နောက်ကျ မည် ဖြစ်သဖြင့် ဗိုလ် မောင်သိန်း အား ခေါင်းဆောင် စေကာ စေလွှတ် လိုက်ခြင်း ဖြစ်သည်။ ဒါကိုတာ လေယာဉ် ကဲ့သို့ ပြန်လည် ရန် ပြုတိုက် ခိုက်နိုင် ခြင်း မရှိသည့် သယ်ယူ ပို့ဆောင်ရေး လေယာဉ် ဖြစ်နေလျှင် ထို လေယာဉ် အား ဝဲယာ တဖက် တချက် မှ ညှပ်ကာ ခြောက်လှန့် ပျံသန်း ပြီး ကျိုင်းတုံ လေယာဉ် ကွင်း သို့ ဖမ်းဆီး ခေါ်ဆောင် လာရန် နှင့် တိုက်ခိုက်ရေး လေယာဉ် နှင့် ဗုံးကြဲ လေယာဉ် များ ဖြစ်နေပါက အပြီး အပိုင် ပစ်ခတ် ချေမှုန်း ခဲ့ ရန် အတွက် အမိန့် ပေး လိုက် လေသည်။

အချိန် အနည်းငယ် အတွင်း မှာ ပင် ဗိုလ် မောင်သိန်း ဦးဆောင် သည့် တိုက် လေယာဉ် သုံးစီး သည် ကျိုင်းတုံ မြို့ ကောင်းကင် ယံထက် ဆီ သို့ ပျံတက် သွားကြ လေပြီ။ အချိန် က ညနေ (၁၅း၁၅) နာရီ အတိ။ ကျိုင်းတုံ မြို့ပတ်ဝန်းကျင် ကောင်းကင် ထက်တွင် တိမ်ကင်းရှင်း လျက် ရာသီ ဥတု သာယာ နေ သော်လည်း ရိတ်သိမ်း ပြီးစ တောင်ယာ များ မှ ယာ အကြွင်း အကျန် များ မီးရှို့ ပြီးစ အချိန် ဖြစ်နေ ခြင်း ကြောင့် လေထု ပတ်ဝန်းကျင် မှာ မီး ခိုးရိပ် များနှင့် ပြည့်လျက် Hazy Weather ခေါ် မြင်ကွင်း မကောင်း လှသည့် အခြေ အနေ ဖြစ်နေ သည်။ ထို့ကြောင့် လည်း မြင်ကွင်း ရှင်းလင်း သည့် ပေ ခုနစ်ထောင် အထက် ထိ ရောက်အောင် ပျံသန်း ရင်း လွယ်မွေ တောင်တန်း ကြီး ကို ကျော်ဖြတ်ကာ တာချီလိတ် မြို့ပေါ်သို့ တိုက် လေယာဉ် သုံးစီး ရောက်ရှိ ခဲ့လေ ပြီ။ ကျိုင်းတုံ မှ စတင် ထွက်ခွာ ခဲ့ပြီး ဆယ့် ငါးမိနစ် မျှ အကြာ တွင် ရန်သူ့ စခန်း တည်ရှိ ရာ ဝမ်ပန်ဆန်း ရွာ အထက် ဝေဟင် ယံထက် သို့ ရောက်ခဲ့ ကြပြီ။

ဝမ်ပန်းဆန်း ရွာ အထက် ကောင်းကင် ယံ တွင် နာရီဝက် ကျော်မျှ ကြာအောင် ပျံဝဲ နေကြ ရင်း ညနေ (၁၆း၀၅) နာရီ တွင်တော့ အရှေ့ အရပ် ဆီမှ အင်ဂျင် လေးလုံး တပ် အစိမ်းပုတ် ရောင် လေယာဉ် ပျံကြီး တစီး သည် ဝမ်ပန်ဆန်း ရွာ ထက် ဆီသို့ ဦးတည် ပျံသန်း လာနေ သည် ကို ဗိုလ် ပီတာ စတင် တွေ့မြင် လိုက် ရပြီး အုပ် ခေါင်းဆောင် ဗိုလ် မောင်သိန်း ထံသို့ ရေဒီယို ဆက်သွယ်ရေး စက်မှ တဆင့် သတင်း ပို့ လိုက်တော့ သည်။ စောင့် ရကျိုး နပ် လေပြီ။

ဗိုလ် ပီတာ ထံမှ သတင်း ပေးပို့ ချက်ကို ရရှိ သည် နှင့် ဗိုလ် မောင်သိန်း ၏ မျက်လုံး များက ကျူးကျော် ဝင်ရောက် လာသည့် ရန်သူ့ လေယာဉ် ကို အလျင် အမြန် ရှာဖွေ နေမိ သည်။ စက္ကန့် ပိုင်း အတွင်း မှာ ပင်လျှင် ရန်သူ့ လေယာဉ် ကို ရှာဖွေ တွေ့ရှိ လိုက် သည်။ ဗိုလ် ချစ်ခိုင် သည် ဝင်ရောက် လာနေ သည့် လေယာဉ် ၏ အမျိုး အစား ကို သေချာ တိကျစွာ မသိ ချေ။ ထို့ကြောင့် အုပ် ခေါင်းဆောင် ဗိုလ် မောင်သိန်း ထံသို့ ရေဒီယို ဆက်သွယ် ရေး မှ တဆင့် လေယာဉ် ၏ အမျိုးအစား ကို လှမ်းမေး ပြန်တော့ ဗိုလ်မောင်သိန်း လည်း ထို လေယာဉ်ကြီး ၏ အမျိုး အမည် ကို သေချာ စွာ မသိ။ လေတပ် ရဲညွန့် အဖြစ် အင်္ဂလန် နိုင်ငံ တွင် ပညာတော် သင် သွားရောက် ခဲ့သည့် အင်္ဂလန် ပြန် ဗိုလ် ပီတာ ကို လှမ်း မေးပြန် တော့ လည်း ဘာမှ မထူး။ သူတို့ အတွက် ဤ လေယာဉ် ၏ အမျိုး အစား ကို အဘယ် ကြောင့် ဤမျှ အထိ သိလို စိတ် ပြင်းပြ နေရ ပါ သနည်း။ အဖြေ ကတော့ ရှင်း ပါသည်။ ယခု ကျူးကျော် လာသော လေယာဉ် သည် သယ်ယူ ပို့ဆောင် ရေး လေယာဉ် သာ ဖြစ်ငြား အံ့။ ဗိုလ်မှူး ခင်မောင်အေး မိန့်မှာ လိုက်သည့် အတိုင်း ကျိုင်းတုံ လေဆိပ် အထိ ထို လေယာဉ် ပျံ ကို ဖမ်းခေါ် သွားရ ပေလိမ့် မည်။ အကယ် ၍ ဗုံးကြဲ လေယာဉ် ဖြစ်နေ လျှင် လည်း နိုင်ငံ ပိုင်နက် ဝေဟင် ထဲတွင် အပြီးသတ် ချေမှုန်း ရပေ လိမ့်မည်။ (တိုက်ပွဲ ပြီးဆုံး ချိန် တွင် သိရ သည် မှာ ထို လေယာဉ် သည် B 24 Liberator Y2 အမျိုး အစား ဗုံးကြဲ လေယာဉ်ကြီး ဖြစ်လေ သည်။အချို့ စာစောင် များ ၌ P4 Y2 Privateer လေယာဉ် ဟု ရေးသား ထားသည် ကိုလည်း တွေ့ရှိ ရသည်။ မည်သည် က အမှန် ဟူ၍ မသိ ပါ။) ရန်သူ့ လေယာဉ် ကြီး ပုံသဏ္ဍာန် မှာ High Wings Single Fan with Defensive Armament ဖြစ် သည်။ လေယာဉ်ကြီး တွင် ဒဿမ ၅၀ ကျည်သုံး စက် သေနတ် ကြီး (ပွိုင့်ဖိုက်) ၁၂ လက် ကို တပ်ဆင် ထားကြောင်း သိ ရသည်။

လေသူရဲ (၃) ဦး စလုံး လေယာဉ် အသီးသီး ပေါ်တွင် ထို လေယာဉ်ကြီး ၏ အမျိုး အစား ကို ကိုယ်စီ ကိုယ်ငှ ဝေခွဲ မရ ဖြစ်နေကြ ချိန် တွင် ရန်သူ့ လေယာဉ် ကိုယ်ထည် အလယ် ထိပ် တွင် တပ်ဆင် ထားသည့် စက် သေနတ် ကြောင့် ဗုံးကြဲ လေယာဉ် ကြီး ပင် ဖြစ်ကြောင်း ဗိုလ် ပီတာ ဦးစွာ ပထမ မြင်တွေ့ လိုက်ရပြီး အုပ် ခေါင်းဆောင် ဗိုလ် မောင်သိန်း ထံသို့ အလျင် အမြန် သတင်း ပို့ လိုက်သည်။ ဗိုလ် မောင်သိန်း တယောက် မြင်ကွင်း အတွင်း မှ လေယာဉ် ထံ သို့ အဖမ်း ခံရန် အတွက် ရေဒီယို ဆက်သွယ် ရေး စက်မှ တဆင့် အကြောင်း ကြား ရာ မလိုက်နာ သည့် အတွက် အတူ အုပ်စု ဖွဲ့ ပျံသန်း နေသည့် လေ သူရဲ ဗိုလ် မောင်သိန်း နှင့် ဗိုလ် ပီတာ တို့ ထံသို့ ရန်သူ့ လေယာဉ် အား ပစ်ခတ် ချေမှုန်း ရန် အမိန့် ပေး လိုက်တော့ သည်။ ဗိုလ် မောင်သိန်း တို့ နေရာ ယူထား သည် က အမြင့်ပေ ခုနစ် ထောင် တွင် ဖြစ်ပြီး တဖက် မှ ရန်သူ့ လေယာဉ် ကြီး မှာ ပေ ငါးထောင် အမြင့် တွင် ဖြစ်နေ သဖြင့် ဗိုလ် မောင်သိန်း တို့ ဖက်မှ အသာစီး ရနေ ပေသည်။ ပထမ ဦးဆုံး ဗိုလ် မောင်သိန်း ၏ တိုက် လေယာဉ် ထိုးဆင်း သွားပြီး လေယာဉ် တွင် တပ်ဆင် ထားသည့် ၂၀ မီလီ မီတာ Hispano စက် သေနတ် ဖြင့် ရန်သူ့ လေယာဉ် ၏ ဘယ်ဘက် အင်ဂျင် နှစ်လုံးကို စတင် ကာ ပစ်ခတ် ခြင်းဖြင့် မြန်မာ့ တပ်မတော် (လေ) ၏ ပထမ ဦးဆုံး သော လေကြောင်း စီးချင်း ထိုးမှု သမိုင်း ကို စတင် ဖွင့်လှစ် လိုက်တော့ သည်။

Hispano နှင့် ပတ်သက် ၍ ဗဟုသုတ အနေ ဖြင့် ဆိုရသော် ၎င်းမှာ စက်သေနတ် လည်း မက၊ အမြှောက် လည်း မကျ သည့် စက် အမြှောက် ဟု ပင် ဆိုရ ချိမ့် မည်။ သာမန် စက် သေနတ် များ ကဲ့သို့ ရိုးရိုး ဖောက်ထွင်း ကျည်များ သာမက တဆင့် ထပ်မံ ပေါက်ကွဲ စေသည့် ကျည်များ လည်း ပါဝင် သဖြင့် ထို လက်နက် ကို စက် အမြှောက် ဟု ခေါ်ခြင်း ပင်။ ထိုသို့ သော ဟစ္စ ပါနို စက် အမြှောက် များ သည် ဆီဖြူရီ လေယာဉ် တောင်ပံ တဖက် လျှင် နှစ်လက် နှုန်း ဖြင့် လေယာဉ် တစီး တွင် လေး လက်စီ တပ်ဆင် ထားလေ သည်။ ပစ်ခတ်မှု ကို လျှပ်စစ် ဓာတ်အား ဖြင့် ထိန်းချုုပ် ထားပြီး စက် သေနတ် တလက် လျှင် ကျည်ဆန် အရေ အတွက် (၁၂၅) တောင့် ပါရှိ လေ သည်။ ကျည်ဆန် သုံးတောင့် (သို့တည်း မဟုတ်) ငါးတောင့် ပစ်ခတ် ပြီးသည် နှင့် မီး လမ်းပြ ကျည် (Tracer) တတောင့် နှုန်း ထွက် စေရန် စီမံ ထား သဖြင့် လေ သူရဲ အနေ ဖြင့် ကျည်သွား လမ်းကြောင်း ကို ကောင်း မွန်စွာ မြင်တွေ့ နိုင်လေ သည်။

ဗိုလ်မောင်သိန်း တယောက် ရန်သူ့ လေယာဉ် နှင့် တိုက်မိ လု နီးပါး အကွာ အဝေး သို့ ချဉ်းကပ် မိသည် အထိ တရစပ် ပစ်ခတ် တိုက်ခိုက် သော်လည်း လေယာဉ် ၏ အမြန် နှုန်း ကြောင့် ပစ်ခတ်ခွင့် ရသည့် အချိန် မှာ လေး စက္ကန့် ထက် ပင် မပို ပါချေ။ ဗိုလ် မောင်သိန်း လေယာဉ် ပြီး သည် နှင့် ဗိုလ်ပီတာ အလှည့် သို့ ရောက် လာသည်။ ဗိုလ် ပီတာ လည်း သူ့ လေယာဉ် မှ ဟစ္စပါနို သေနတ် ဖြင့် ဆက်တိုက် ဆိုသလို ပင် ဝင်ရောက် ပစ်ခတ် တော့ သည်။ သူ၏ ပစ်ခတ် ခွင့် ရချိန် မှာလည်း ဗိုလ် မောင်သိန်း ကဲ့သို့ ပင်။ ထူးခြား ချက် အနေ နှင့် ဗိုလ်မောင်သိန်း လေယာဉ် ဝင် အပစ် နှင့် ရှေ့ဆင့် နောက်ဆင့် တွင် ရန်သူ့ လေယာဉ် မှ အထုပ် နှစ်ထုပ် ပြုတ်ကျ သွားသည် ကို တွေ့မြင် လိုက်ရ သည်။ မြေပြင် ရှိ တရုတ် ဖြူ စခန်း သို့ ချပေး ရန် အတွက် ယူဆောင် ခဲ့သည့် လက်နက် ပစ္စည်း (သို့မဟုတ်) ရိက္ခာ ထုပ်များ ပင် ဖြစ်ချေ လိမ့် မည်။ ဗိုလ် ပီတာ လေယာဉ် တိုက်ခိုက် မှု မစတင် မီ တွင်လည်း လေထီး ဖြင့် ရိက္ခာ ချသော တံခါး ပေါက် ဆီမှ လူ နှစ်ယောက် လေထီး အစိမ်း ရောင် များ ဖြင့် ခုန်ဆင်း သွားသည် ကို မြင်တွေ့ လိုက် ရသည်။ ဗိုလ် ပီတာ ၏ လေယာဉ် ထံမှ ပစ်ခတ်မှု ပြီးဆုံး ၍ တကျော့ ပြန်လည် မဝင် လာမီတွင် ဗိုလ်ချစ်ခိုင် ၏ လေယာဉ် လည်း ထိုးစိုက် ဝင်လာ နေပေ ပြီ။ သည် တချီ တွင်တော့ ရန်သူ့ လေယာဉ် ထံမှ တုံ့ပြန် ပစ်ခတ် သည့် ကျည်ဆံ များ က ဗိုလ်ချစ်ခိုင် ၏ လေယာဉ် အမိုး ကို ချိန်သား မမှန်စွာ ဖြင့် ဖြတ်ကျော် သွားကြ သည်။ ဗိုလ် ချစ်ခိုင် ပစ်ခတ် လိုက်သည့် ကျည်ဆန် များ ကမူ ရန်သူ့ လေယာဉ် အင်ဂျင်ခန်း အောက် ကိုယ် ထည် ပိုင်း ဆီသို့ တည့်မတ်စွာ ပြေးဝင် သွားကြောင်း ကို မီးလမ်းပြ ကျည် (Tracer Bullet) များ ကြောင့် သိလိုက် ရသည်။ အပြီး သတ် ချေမှုန်း တော့မည့် အန္တရာယ် ကို ရိပ်စား မိသည့် တဖက် ရန်သူ့ လေယာဉ်မှူး မှာ လည်း သူ၏ လေယာဉ် ကို ၁၈၀ ဒီဂရီ လှည့် လျက် အိမ်နီးချင်း တဖက် နိုင်ငံ နယ်နိမိတ် ဆီ သို့ ဦးတည် ပျံသန်း ရန် အားထုတ် လေတော့ သည်။ ထို သို့ လေယာဉ် ကို တပတ် ပြန်လှည့် နေစဉ် မှာပင် ဗိုလ်မောင်သိန်း ၏ လေယာဉ် က ဒုတိယ အကြော့ အနေ ဖြင့် ထပ်မံ ထိုးနှက် တိုက်ခိုက် ပြန်၏။ ဗိုလ်မောင်သိန်း ၏ ပစ်ခတ်မှု အပြီး တွင်တော့ ရန်သူ လေယာဉ် ပျံကြီး ၏ ဘယ်ဘက် တွင် တပ်ဆင် ထားသော အင်ဂျင် နှစ်လုံး နှင့် ညာဘက် အပြင် ခြမ်း အင်ဂျင် များ စတင် မီး တောက်လောင် ချေပြီ။ သို့သော် လည်း ရန်သူ မှာ သူ့ လေယာဉ် ကို လုံးဝ မလျှော့ချ ပဲ တဖက် အိမ်နီးချင်း နိုင်ငံ နယ်နိမိတ် အတွင်း ရောက်အောင် အရှိန် ပြင်းစွာ နှင့် ဆက်လက် ပျံသန်း လို့ နေသေး သည်။

ရန်သူ ကို အလွတ် မပေး လိုသည့် ဗိုလ် ပီတာ တယောက် ရန်သူ့ လေယာဉ် ညာဘက် ခြမ်း ဆီသို့ ပျံသန်း ချဉ်းကပ် လျက် ထပ်မံ တိုက်ခိုက် ပြန်တော့ သည်။ သည် တချီ တွင်တော့ တလုံး တည်းသာ အကောင်း ပကတိ ကျန်ရှိ နေသေး သည့် ရန်သူ့ လေယာဉ် ၏ ညာ တောင်ပံ အတွင်း အင်ဂျင် လည်း စတင် ကာ မီးစွဲ လောင် လေပြီ။ အင်ဂျင် အားလုံး မီးလောင် နေပြီ ဖြစ် သော်လည်း လေယာဉ်ကြီး မှာ မြေသို့ ထိုးစိုက် ကျ မသွား သေးပဲ အရှေ့ တူရူ အရပ် သို့ ဆက်လက် ပျံသန်း လျက် ရှိနေ သေး သည်။ ထိုအခိုက် မှာပင် ဗိုလ် ပီတာ ထံမှ သူ့အား ရန်သူ့ ပစ်ခတ်မှု ခံလိုက် ရခြင်း သတင်း ပေးပို့ချက် ကို ဗိုလ်ချစ်ခိုင် တယောက် ဆက်သွယ်ရေး စက်မှ တဆင့် ကြား လိုက်ရ သည်။ သို့သော် ရန်သူ့ လေယာဉ် ထံမှ ပေါက်ကွဲ သံကြောင့် ရန်သူ အား အပြီး သတ် ချေမှုန်းရန် စိတ်အား ထက်သန် နေသော ဗိုလ်ချစ်ခိုင် မှာ ဗိုလ်ပီတာ လေယာဉ် ထံ ကြည့်ရန် အာရုံ မရ လိုက်ပဲ ရန်သူ့ လေယာဉ် ဦးခန်း ဆီသို့ ကျည်ဆန် များ တသီ တတန်း ကြီး ထပ်မံ ပစ်လွှတ် လိုက်ပြန် သည်။ သို့ရာ တွင် ထို အခေါက် သူ ပစ်သမျှ ကျည်ဆန် များ က ရည်မှန်း ချက် သို့ မရောက် ပဲ အင်ဂျင် အနောက် ဖက်ခြမ်း မှ ကိုယ်ထည် ပိုင်း ဆီ သို့သာ စုပြုံ တိုးဝှေ့ လျက် ထိမှန် သွားကြ သည်။ သည် တကြိမ် ပစ်ခတ် ရာ တွင် ဗိုလ်ချစ်ခိုင် ၏ လေယာဉ် နှင့် ရန်သူ့ လေယာဉ် မှာ ဆယ်ပေ မျှ ပင် မကွာဝေး တော့ သည့် အနေ အထား ရောက်သည် အထိ ပူးကပ် တိုက်ခိုက် မိ သဖြင့် လေယာဉ် ချင်း ဝင်ဆောင့် မည့် အန္တရာယ် ကို ရှောင်လွဲှ နိုင်ရန် အတွက် ဗိုလ်ချစ်ခိုင် မှာ သူ့လေယာဉ် ကို အပေါ် သို့ ဆွဲတင် ပျံသန်း လိုက်ရ တော့သည်။ စက္ကန့် ဝက်မျှသာ နောက်ကျ ခဲ့လျှင် ဗိုလ်ချစ်ခိုင် သည် လည်း ရန်သူ့ လေယာဉ် နှင့် တိုက်မိ ပြီး အသက် ဆုံးရှုံး ရမည် မှာ အသေ အချာ တည့်။ ထိုသို့ ရန်သူ့ လေယာဉ် နှင့် ကပ်လျက် အပေါ် မှ ပျံသန်းရင်း ဗိုလ် ချစ်ခိုင် လေယာဉ် နောက်မြီး ပိုင်း မှ ကျယ်လောင် သော အသံ တခု ထွက် လာသည်။ ရန်သူ့ ကျည်သင့် လေ သလော၊ လေယာဉ် အမြီး ပိုင်း နှင့် ရန်သူ့ လေယာဉ် တိုက်မိ လေသည် လော ဗိုလ်ချစ်ခိုင် မသိ လိုက် ရ။ လေယာဉ် ကို ထိန်းသိမ်း မောင်းနှင် နေရ သည်မှာ လေယာဉ် အမြီးပိုင်း မှ ခါ သကဲ့ သို့ ဖြစ်လို့ နေသည်။ ဗိုလ် ချစ်ခိုင် ၏ တိုက် လေယာဉ် တွင် ကျည်ဆံ လည်း ကုန် ချေပြီ။

ဆက်လက် ပျံသန်း နေသည့် ရန်သူ့ လေယာဉ် ထံ သို့ ပေတရာ ခန့် အထိ နီးကပ် အောင် ပျံသန်း ပြီးနောက် ဗိုလ်မောင်သိန်း တယောက် ဆက်လက် ပစ်ခတ် နေရင်း မှ ရန်သူ့ လေယာဉ်ကြီး သည် အမြီးပိုင်း တခုလုံး ပြုတ်ကျ သွားကာ မြေပြင် ဆီသို့ တရှိန် ထိုး ပြုတ်ကျ သွားသည် ကို မျက်ဝါး ထင်ထင် မြင်တွေ့ လိုက်ရ တော့ သည်။ ရန်သူ့ လေယာဉ်ကြီး ပျက်ကျ သွားသည့် နေရာ မှာ အိမ်နီးချင်း တဖက် နိုင်ငံ အတွင်း ပင် ဖြစ်သည်။ ပေးအပ် လိုက် သည့် တာဝန် ကို ကျေပွန်စွာ ထမ်းရွက် နိုင်ခဲ့ပြီ။ ငါး မိနစ် မျှသာ ကြာမြင့် ခဲ့သည့် ဤ လေကြောင်း တိုက်ပွဲကြီး ကို သူတို့ အောင်မြင် ခဲ့လေ ပြီ။ စစ်ပွဲ ၏ သဘော သဘာဝ အတိုင်း တိုက်ပွဲ ပြီးသည် နှင့် မိမိ တပ်ကို စနစ် တကျ ပြန်လည် စုဖွဲ့ ကာ လေယာဉ် ကွင်း ဆီသို့ ပြန်လည် ထွက်ခွာ ရန် အတွက် ရေဒီယို ဆက်သွယ် ရေး စက် မှ တဆင့် မိမိ လေယာဉ် အုပ်မှ လေ သူရဲ များ ကို ဆက်သွယ် လိုက်ချိန် တွင် ဗိုလ်ပီတာ ၏ လေယာဉ် မှ တုံ့ပြန်မှု ကို လုံးဝ မကြား ရတော့ ချေ။ ဗိုလ် ချစ်ခိုင် မောင်းနှင် သည့် လေယာဉ် မှာ လည်း တိုက်ပွဲ တွင် ထိခိုက် ပျက်စီးမှု ဖြစ်ပွား ခဲ့သဖြင့် လေယာဉ် ကွင်း ဆီသို့ အရေး ပေါ် ပြန်လည် ဆင်းသက် ရပေ တော့ မည်။ ဗိုလ်ချစ်ခိုင် တဦး တည်း ပျံသန်း ရင်းမှ လမ်းတွင် တစုံ တခု အန္တရာယ် ဖြစ်ပွား ခဲ့သော် လေယာဉ် ပျက် ကျရာ နေရာ ကို အကြောင်းကြား ပေးနိုင် မည့်သူ မရှိ နိုင်မှန်း ကို ခန့်မှန်း မိ သဖြင့် ဗိုလ် ပီတာ ၏ လေယာဉ် ကို လိုက်လံ ရှာဖွေ ခြင်း မပြု ပဲ ဗိုလ်ချစ်ခိုင် နှင့် ဗိုလ်မောင်သိန်း တို့ နှစ်ဦး ကျိုင်းတုံ မြို့ ဆီ သို့ ဦးတည် လျက် သူတို့ တိုက် လေယာဉ် များ ကို ပျံသန်း လာခဲ့ ကြ တော့ သည်။

ပင်လယ် ရေ မျက်နှာ ပြင် အထက် ပေ (၅၀၀၀) အမြင့် မှ ပျံသန်း လာခဲ့ ကြရင်း ကျိုင်းတုံ လေယာဉ် ကွင်း ရှိ လေကြောင်း ထိန်း မျှော်စင် သို့ အခြေ အနေ အကျဉ်း ချုပ် ကို ဆက်သွယ် ရေး စက်မှ တဆင့် သတင်း ပို့ကာ ကွင်းဆင်း ခွင့် တောင်းခံ လိုက်ရ တော့သည်။ ကွင်းဆင်းခွင့် ရပြီး သည် နှင့် ဗိုလ်ချစ်ခိုင် လေယာဉ် ကို ဦးစား ပေး ဆင်းသက် စေ ရတော့ သည်။ ဗိုလ် ချစ်ခိုင် လေယာဉ် မှာ လေယာဉ် နောက်မြီး အောက်ပိုင်း တခု လုံး ကြေမွ ပျက်စီး သွားသည့် အပြင် ဘီးလည်း ပြုတ်ထွက် သွားခဲ့ သဖြင့် လေယာဉ် ဝမ်းဗိုက် ဖြင့် ရှပ်ဆင်း ခဲ့ရ တော့ သည်။ လေယာဉ် အရှေ့ ဘက်ရှိ အင်ဂျင် တွင် တပ်ဆင် ထားသည့် ပန်ကာ ဒလက် လေးခ စလုံး မြေကြီး နှင့် ခုတ်မိ သဖြင့် အတွင်း ဘက် သို့ ကောက်ဝင် သွားကာ ကိုက် တရာ၊ နှစ် ရာခန့် အထိ ပွတ်တိုက် ပြေးပြီး မှ ဗိုလ်ချစ်ခိုင် လေယာဉ် မှာ ရပ်တန့် သွားလေ တော့ သည်။ သေကံ မရောက် သက် မပျောက် သဖြင့် ဗိုလ်ချစ်ခိုင် တယောက် အသက် နှင့်ခန္ဓာ ဒွန်တွဲ လျက် လေယာဉ် အတွင်းမှ ထွက်လာ နိုင်ခဲ့ပြီ ဖြစ်သော် ငြားလည်း စိတ်အေး လက်အေး မနေ နိုင် သေး။ တောင်ကြီး သား ကလေး အင်္ဂလန် ပြန် ဗိုလ် ပီတာ အတွက် သူတို့ လေတပ် စခန်း မှ စစ်သည် အားလုံး ၏ ရင်တွင် တော့ စိုးထိတ် မှု ကိုယ်စီ ဖြင့် သာ။

ဖြစ်စဉ်နိဂုံး

ပွိုင့် (၃၁၁၅) နှင့် ဝင်းမနော် စခန်း များကို တိုက်ခိုက် သိမ်းပိုက် ပြီး မိုင်းပါလျှို တွင် တပ်စွဲ ထားသော အမှတ် (၃) သေနတ်ကိုင် တပ်ရင်း သနက (၃) ထံမှ နယ်မြေ တာဝန် လွှဲပြောင်း လက်ခံ ထားသည့် တပ်မတော် ခြေမြန် တပ်ရင်း တရင်း သည် ထိုနေ့ ၏ ည (၂၀း၀၀) နာရီ တွင်တော့ တပ်ရင်း တရင်း လုံး တာချီလိတ် မြို့ သို့ အမြန် ဆုံး ချီတက် ရန် ဟူသော ကြေးနန်း ပေးပို့ ချက် တခု ကို လက်ခံ ရရှိ ခဲ့လေ တော့သည်။ တပ်ရင်း မှ တပ်ခွဲ များ ကို ကုန်းလမ်း အတိုင်း မိုင်းပါလျှို မှ တာလေ သို့ ချီတက် စေ၍ တာလေ မှ တာချီလိတ် သို့ ယာဉ်တန်း ဖြင့် ပို့ဆောင် ပေးခဲ့ သည်။ ထို တပ်ရင်း ၏ တပ်ရင်း မှုး ဒုတိယ ဗိုလ်မှူးကြီး ခင်မောင်သောင်း ကို အော်တာ လေယာဉ် ဖြင့် မိုင်းပါလျှိုး မှ တာချီလိတ် သို့ ပို့ဆောင် ပေးခဲ့ သည်။ ထို တပ်ရင်း ထမ်းဆောင် ရမည့် အဓိက တာဝန် မှာ ညနေပိုင်း တွင် ဖြစ်ပွား ခဲ့သော လေကြောင်း စစ်ပွဲ တွင် ပျက်ကျ သွားသည် ဟု ယူဆ ထား သည့် တပ်မတော် (လေ) မှ ဆီဖြူရီ တိုက် လေယာဉ် နှင့် လေ သူရဲ ဗိုလ် ပီတာ၊ ပစ်ချ ခံလိုက် ရသည့် ကျူးကျော် ဝင်ရောက် လာသော ရန်သူ့ ဗုံးကြဲ လေယာဉ် ကြီး တို့ကို ရှာဖွေ ရန်ပင် ဖြစ် လေ တော့သည်။

ဖေဖော်ဝါရီ လ (၁၆) ရက်နေ့ တွင်တော့ ထိုစဉ် က ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန် ထမ်းဆောင် နေသော ဗိုလ်မှူးချုပ် အောင်ကြီး ကျိုင်းတုံ မြို့သို့ ရောက် လာခဲ့ ပေပြီ။ ထိုနေ့ တွင်ပင် မြန်မာ အစိုးရ က (KMT) တရုတ်ဖြူ တို့၏ (B-24 LIBERATOR) အမျိုး အစား လေယာဉ် ကြီး တစ်စင်း ကို တရုတ်ဖြူ တပ်များ အတွက် လေကြောင်း မှ လက်နက် နှင့် ရိက္ခာ၊ ခဲယမ်း များ လာရောက် ချပေး စဉ် မြန်မာ့ လေတပ် တိုက် လေယာဉ် များ က ပစ်ချ လိုက် ကြောင်း ကြေညာ လိုက် သည်။ ထိုနေ့ တနေ့ တည်း တွင် တိုင်ပေ အခြေ ပြု (Free China Relief Association) လွတ်လပ် သော တရုတ် ပြည် ကယ်ဆယ် ရေး အသင်း အဖွဲ့ ကြေညာ ချက် တစ်ခု ထုတ်ပြန် ရာ တွင် မြန်မာ့ နယ်မြေ ပေါ်တွင် ပစ်ချ ခြင်း ခံရသော (B-24 LIBERATIOR) အမျိုး အစား လေယာဉ်ပျံ မှာ မြန်မာ နိုင်ငံ နယ်စပ် ဒေသ ရှိ တရုတ်ဖြူ စစ်ပြေး ဒုက္ခ သည်များ နှင့် ထိုင်း နိုင်ငံ အတွင်း ရောက်ရှိ နေသော တရုတ် စစ်ပြေး ဒုက္ခ သည်များ ကို သယ်ဆောင် ရေး အတွက် တရုတ်ဖြူ အစိုးရ က စင်းလုံး ငှားရမ်း ခဲ့သော လေယာဉ် ဖြစ်ကြောင်း ဖော်ပြ ခဲ့လေ သည်။ ထိုနေ့ ၏ ညနေပိုင်း အရောက် တွင်တော့ ထိုင်း နိုင်ငံ ရှိ ကောင်ဆယ်လာ ရုံး မှ ဗိုလ် ပီတာ ၏ လေယာဉ် အပျက် နှင့် ဗိုလ်ပီတာ အလောင်း ကို ထိုင်း နယ်မြေ အတွင်း တော ထဲတွင် တွေ့ရှိ ကြောင်း သတင်း ပေးပို့ ချက်ကို ရရှိ သဖြင့် ဖေဖော်ဝါရီ (၁၇) ရက် တွင် ဗိုလ်မှူးကြီး သူရ တင်မောင်အေး အပါ အဝင် ရှေ့တန်း တပ်မဟာ (၉) မှ အဖွဲ့ တစ်ဖွဲ့ လေယာဉ် ပျက်ကျ သည့် နေရာ သို့ ထွက်ခွာ ခဲ့ကြ သည်။ သတင်း ရထား သည့် မြေပုံညွှန်း အရောက် တွင် ရှေ့ပိုင်း တစ်ခု လုံး မီးလောင် ၍ ခါးလယ် မှ ကျိုးသွား သည့် လေသူရဲ ဗိုလ် ပီတာ ၏ တိုက် လေယာဉ် ကို တွေ့ရှိ ရတော့ သည်။ လေယာဉ် ပျံ သည် ရန်သူ လေယာဉ် မှ ပစ်ခတ် လိုက်သော ကျည် ထိမှန် ပြီး မြေပြင် ပေါ်သို့ အရှိန် ပြင်းစွာ ဖြင့် ရှပ်ဆင်း သွားသည့် စွတ်ကြောင်း ကြီး တွေ့ရှိ ရပြီး ဗိုလ် ပီတာ ၏ အလောင်း ကိုမူ ကျိုးပဲ့ နေသော လေယာဉ်ပျံ ၏ အတောင် တစ်ခု ပေါ်တွင် တင်ထား သည်ကို တွေ့ရှိ ရသည်။ လေယာဉ် ကိုယ်ထည် တွင် ဒသမ ၅ မမ ကျည် တစ်ချက် မှန် ထားပြီး ထို ကျည်ဆန် က ဗိုလ်ပီတာ ကိုပါ ထိမှန် ကာ ၎င်း ၏ နံရိုး ငါးချောင်း ကျိုးသွား သည် ကို စစ်ဆေး တွေ့ရှိ ရသည်။ ထို မြင်ကွင်း တစ်ခု လုံးကို လေ့လာ ဆန်းစစ် ချက် အရ လေယာဉ် ကို စစ်ဆေး သူ အားလုံးက လေယာဉ် သည် မြေပြင် သို့ ကောင်းမွန် စွာ ထိန်းကျောင်း ပြီး ဆင်းသက် လာသည့် သဘော တွေ့ရ သည့် အတွက် ဤမျှ ပြင်းထန် သော ဒဏ်ရာ ဖြင့် လေယာဉ်ပျံ ကို နိုင်နင်း စွာ ထိန်းကျောင်း သက်ဆင်း ခဲ့သူ ဗိုလ်ပီတာ ၏ သက်လုံ ကောင်းမှု၊ သတ္တိ ရှိမှု၊ သတိ ကောင်း မွန်မှု များကို အံ့သြ ချီးမွမ်း ခဲ့ကြ သည်။ 

ထို လေယာဉ် ပျံကြီး ပစ်ချ ခြင်း ခံခဲ့ ရပြီး နောက် ရက်များ မကြာမီ ထို ကိစ္စ နှင့် ပတ်သက်ပြီး အခြေ အနေ မှာ ပိုမို ဆိုးဝါး ပြင်းထန် လာပြီး ထို စစ်ဆင် ရေး ဒေသ တွင် ဖမ်းဆီး ရမိသော လက်နက် များ မှာ (KMT) တရုတ်ဖြူ များ ထံသို့ ပေးပို့ ခဲ့သော အင်အားကြီး နိုင်ငံ တ နိုင်ငံ မှ ထုတ်လုပ် သည့် လက်နက် ခဲယမ်း များသာ ဖြစ်ကြောင်း မြန်မာ့ သတင်း မီဒီယာ များက သက်သေ အထောက် အထား များနှင့် ဖော်ပြ လိုက် သည်။ ဖေဖော် ဝါရီ (၁၈) ရက် တွင် မန္တလေး မြို့ရှိ ထို အင်အားကြီး နိုင်ငံ ၏ ကောင် စစ်ဝန် ရုံး ရှေ့တွင် ဆန္ဒ ပြ ကန့်ကွက် မှု များ စတင် ဖြစ်ပွား ခဲ့ပါ တော့ သည်။ ထို့ အတူ ဖေဖော်ဝါရီ (၂၁) ရက် တွင် ရန်ကုန် မြို့၌ လူထု အင်အား (၁ဝဝဝဝ) ခန့် စုရုံး ၍ ကန့်ကွက် ကြ ကြောင်း မြန်မာ့ သတင်း မီဒီယာ များ၏ ရှေ့ မျက်နှာ စာခေါင်းစီး များတွင် ဖော်ပြ ခဲ့ ပါသည်။ ထို သတင်း များ တွင် ဆက်လက် ဖော်ပြ ခဲ့ရာ ၌ ဆန္ဒ ပြ သူ လူထုကြီး မှာ သံရုံး ကို ဝင်ရောက် စီးနင်း တိုက်ခိုက် ရန် ကြိုးပမ်း ကြ သဖြင့် လုံခြုံ ရေး တပ်ဖွဲ့ ဝင်များ က မောင်းပြန် သေနတ် များ ကို မိုးပေါ် ထောင်ဖောက် ၍ လူစုခွဲ ခဲ့ ရကြောင်း၊ ထို ဆန္ဒ ပြပွဲ တွင် လူပေါင်း ၄ဝ ခန့် နှင့် ရဲ တပ်ဖွဲ့ သုံးယောက် ပြင်းထန် စွာ ဒဏ်ရာ ရရှိ ခဲ့ကြောင်း ဖော်ပြ ခဲ့သည်။

ထို့ကြောင့် အမေရိကန် အစိုးရ နိုင်ငံခြား ရေး ဌာန က ရန်ကုန် ရှိ စစ်သံမှူး ကို ကျိုင်းတုံ သို့ စေလွှတ် ခဲ့ပြီး စစ်ဆေး ခဲ့သည်။ ထို အရာရှိ များ က (KMT) ထံ မှ ဖမ်းဆီး ရမိ သော လက်နက် ခဲယမ်း များ ကို စစ်ဆေး ခဲ့ရာ အမေရိကန် လုပ် အမှတ် အသား များ ပါရှိ ကြောင်း တွေ့ရှိ ခဲ့ပြီး အချို့ မှာ ဒုတိယ ကမ္ဘာစစ် အတွင်း က အသုံးပြု ခဲ့သော လက်နက် ဟောင်း များ ဖြစ်ကြ ကြောင်း၊ တွေ့ရှိ ရသော လက်နက် အားလုံး အမေရိကန် လုပ် လက်နက် များ မဟုတ် သော်လည်း ယတိပြတ် ပြောရန် ခက်ခဲ ကြောင်း အမေရိကန် တို့က ဖော်ပြ ခဲ့ပါသည်။ ဖေဖော်ဝါရီ ၂၄ ရက် တွင် အမေရိကန် သတင်း ထုတ်ပြန် ရေး ဌာန က ထုတ်ပြန် ခဲ့ရာ မြန်မာ့ လေတပ် က ပစ်ချ ခဲ့သော လေယာဉ် ပျံ အမျိုး အစား မှာ PB4Y- ရေတပ် သုံး ခရီး ဝေး ပျံသန်း နိုင်သော (Liberator) အမျိုး အစား သယ်ယူ ပို့ဆောင် ရေး နှင့် ဗုံးကြဲ လေယာဉ် ဖြစ်ပြီး ထို လေယာဉ် မှာ တရုတ် (တိုင်ပေ) မှ မြန်မာ ပြည် အထိ ခရီး ဝေး ပျံသန်း နိုင်စွမ်း ရှိကြောင်း ဖော်ပြ ခဲ့ ပါသည်။ အဆိုပါ ကိစ္စ ကြောင့် ကုလ သမဂ္ဂ တွင် တရုတ်ဖြူ ကျူးကျော် မှု ကို တရားဝင် တိုင်တန်း ပြီး အင်အား ကြီး နိုင်ငံ တခု ၏ ပါဝင် ပတ်သက်မှု ကို မီးမောင်း ထိုးပြ နိုင် ခဲ့သည်။

ထို့နောက် မြန်မာ ပြည် ရှိ (KMT) တရုတ်ဖြူ ပြဿနာ မှာ ကုလ သမဂ္ဂ သို့တိုင် ရောက်ရှိ သွားပြီး နောက် ကုလ သမဂ္ဂ အစီအစဉ် ဖြင့် ဗန်ကောက် မြို့ တွင် လေး နိုင်ငံ စစ်ဘက် ကိုယ်စား လှယ်များ မျက်နှာ စုံညီ ထိုင်၍ တရုတ် ဖြူ တပ်ကြွင်း တပ်ကျန် များ မြန်မာ နိုင်ငံမှ အပြီး အပိုင် ထွက်ခွာရေး ကို ဆွေးနွေး ဆုံးဖြတ် ခဲ့ ကြ သည်။ စောစော ပိုင်း က (KMT) တရုတ်ဖြူ များ ကိစ္စ နှင့် ပတ်သက် ပြီး သတင်း မီဒီယာ လောက တွင် သတိ မမူမိ ကြ ဟန် တူပါ သည်။ ထို လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားပြီး နောက်မှ ကမ္ဘာက စိတ်ဝင်စားကာ သိရှိလာခဲ့ခြင်း ဖြစ်သည်။ ထိုနှစ် အတွင်း မှာပင် (KMT) တရုတ် ဖြူ များ ကိစ္စ နှင့် ပတ်သက်ပြီး ကမ္ဘာ့ သတင်း မီဒီယာ လောက တွင် သတိပြု ကာ သတင်း?

[Zawgyi]ျမန္မာ့သမိုင္းတေကြ႕မွ ပထမဆုံး ေလေၾကာင္း 
တိုက္ပြဲ

ျမန္မာ့ တပ္မေတာ္ (ေလ) ကို စတင္တည္ေထာင္ ဖြဲ႕စည္းခဲ့ခ်ိန္ မွ စတင္ေရတြက္ေသာ္ ( ၁၄ ) ႏွစ္ အၾကာ၊ (၁၉၆၁) ခုႏွစ္၊ ေဖေဖာ္ဝါရီ လ (၁၅) ရက္၊ ဗုဒၶဟူး ေန႔။ တိတိက်က်ဆိုရပါလွ်င္ တပ္မေတာ္ (ေလ) ၏ သက္တမ္း (၁၄) ႏွစ္ ႏွင့္ (၃၀) ရက္ ျပည့္ေျမာက္သည့္ ေန႔ရက္၏ နံနက္ခင္းအခ်ိန္။ သည္လို တေပါင္းလဆန္း ကာလတြင္ မိခင္ ေလတပ္ စခန္းဌာနခ်ဳပ္ တည္ရွိရာ ေမွာ္ဘီေလတပ္စခန္း တြင္ေတာ့ ေဆာင္းရာသီ ၏ အရသာေပ်ာက္ဆုံး ေလာက္ၿပီျဖစ္ေသာ္လည္း ျမန္မာျပည္ အေရွ႕ပိုင္းမွ က်ိဳင္းတုံ ၿမိဳ႕ေလးတည္ရာ ရွမ္းကုန္း ျပင္ျမင့္ ထက္
တြင္ေတာ့ေဆာင္း၏ အေငြ႕အသက္မ်ားက မေပ်ာက္ပ်ယ္ ေသးပါေခ်။ ဒယ္အိုးသဖြယ္ ေတာင္ပတ္ လည္ဝန္းရံထားေသာ က်ိဳင္းတုံ ၿမိဳ႕၏ ရာသီဥတုမွာ ေနခ်င့္ စဖြယ္ ေႏြးေထြး လ်က္ ေန႔ လည္ခင္း နာရီ ျပန္ (၂) ခ်က္တီး သည့္ တိုင္ ခါတိုင္း ေန႔ရက္ မ်ား လိုပင္ ေအးေဆး ၿငိမ္သက္ လို႔ ေနခဲ့ သည္။

ထိုေခတ္ ထို ကာလ ၌ က်ိဳင္းတုံ ေလတပ္ ဆြယ္ သို႔ ေရာက္လာ ၾက သည့္ ေလ သူရဲမ်ား အတြက္ တည္းခို ရာ ေနရာ ျဖစ္သည့္ က်ိဳင္းတုံ ေလယာဥ္ ကြင္း အနီး ရွိ ေျခလ်င္ တပ္ရင္း ၏ အရာရွိ ရိပ္သာ အတြင္း တြင္ တပ္မေတာ္ (ေလ) မွ ေလ သူရဲ ႏွစ္ဦး ျဖစ္ၾက သည့္ ဗိုလ္ ခ်စ္ခိုင္ (ေလ / ၁၂၁၆) ႏွင့္ ဒုဗိုလ္ ပီတာ (ေလ / ၁၂၉၂) တို႔ ႏွစ္ဦး မွာ ေန႔လည္စာ ထမင္း စားၿပီး ခ်ိန္ ကတည္း က စစ္တုရင္ ကို သဲႀကီး မဲႀကီး ထိုးေန ၾက သည္။ သူတို႔ ႏွစ္ဦး ႏွင့္ မလွမ္း မကမ္း ရွိ ပက္လက္ ကုလား ထိုင္ ထက္တြင္ လည္း မ်က္ႏွာ ေပၚတြင္ စာအုပ္ တအုပ္ ကိုတင္လ်က္ အိပ္ေမာ က်ေနသူ တဦး ကို ေတြ႕ျမင္ ရေပ သည္။ ထိုသူ သည္ကား အမွတ္ (၂) အုပ္မွ ေလသူရဲ ဗိုလ္ႀကီး ခင္ေမာင္ျမင့္ ေပတည္း။ စစ္တုရင္ ကစား ေနသည့္ ေလသူရဲ ဗိုလ္ ခ်စ္ခိုင္ ႏွင့္ ဒုဗိုလ္ ပီတာ တို႔ မွာ ဆီးျဖဴရီ အမ်ိဳး အစား တိုက္ ေလယာဥ္ ေမာင္းမ်ား ျဖစ္ၾက ၿပီး ဗိုလ္ႀကီး ခင္ေမာင္ျမင့္ မွာ ဒါကိုတာ အမ်ိဳးအစား ေလယာဥ္ ကို ေမာင္းႏွင္ သူ ျဖစ္ ေလသည္။ တပ္ပိတ္ ရက္ လည္း မဟုတ္၊ ႐ုံးဆင္း ခ်ိန္ လည္း မဟုတ္ သည့္ သည္လို အခ်ိန္မ်ိဳး တြင္ ေအးေအး လူလူ ရွိေနသည့္ သူတို႔ သုံးဦး အား အျပစ္တင္ မည္ ဆိုပါက တက္တက္ စင္ေအာင္ မွားေခ် ေရာ့ မည္ တည္း။ ေသခ်ာစြာ ၾကည့္မည္ ဆိုပါက သူတို႔ သုံးဦး စလုံး ၏ ခႏၶာ ကိုယ္ ထက္ တြင္ ေလယာဥ္ ေမာင္း ဝတ္စုံ ျပာ မ်ားကို အေရးႀကီး စစ္ဆင္ေရး တာဝန္ ေပၚေပါက္ လာလွ်င္ အဆင္သင့္ ျဖစ္ေအာင္ ဝတ္ဆင္ ထားၾက ျခင္း ကို မလြဲ ဧကန္ ျမင္ရ ေပလိမ့္ မည္။

သူတို႔ သုံးဦး စလုံး သည္ ဤ က်ိဳင္းတုံ ေလယာဥ္ကြင္း သို႔ ေရာက္ရွိ ေနသည္ မွာ (၉) ရက္ မွ်သာ လွ်င္ ရွိေသး သည္။ သူတို႔ တာဝန္ ထမ္းေဆာင္ သည့္ အမွတ္ (၁) တိုက္ ေလယာဥ္ အုပ္ သည္ ဇန္နဝါရီ လ (၄) ရက္ ကတည္း က စတင္ ၍ ရန္သူ တ႐ုတ္ ျဖဴ စခန္း မ်ားသို႔ အႀကိမ္ ေပါင္း ေျမာက္ျမား စြာ ေလေၾကာင္း မွ သြားေရာက္ တိုက္ခိုက္ ခဲ့ၾက သည္။ အဓိက အားျဖင့္ ေျမျပင္ ရွိ ရန္သူ အခိုင္ အမာ တပ္စြဲ ထားရာ စခန္း မ်ား သို႔ ေဝဟင္ မွ ပစ္ခတ္ တိုက္ခိုက္ ျခင္း တာဝန္ ကို ယူခဲ့ ၾက ရသည္။ စစ္ဆင္ေရး စတင္ ခဲ့ ခ်ိန္ တြင္ အမွတ္ (၁) တိုက္ ေလယာဥ္ အုပ္ ၏ တပ္စြဲ ထားရာ ေနရာ မွာ နမ့္ဆန္ ေလယာဥ္ ကြင္း တြင္ ျဖစ္ၿပီး ရန္သူ မ်ား နယ္စပ္ သို႔ ဆုတ္ခြာ သြားေနၿပီ ျဖစ္သျဖင့္ ရန္သူ မ်ား တည္ရွိရာ နယ္စပ္ ႏွင့္ ပိုမို နီးစပ္ ေသာ က်ိဳင္းတုံ ၿမိဳ႕သို႔ ေဖေဖာ္ ဝါရီ လ (၂) ရက္ ေန႔ တြင္ ေလ တပ္ဆြယ္ တခုလုံး ေျပာင္းေ႐ြ႕ ေရာက္ရွိ လာခဲ့ ၾကျခင္း ပင္။

စစ္တုရင္ ကစား ေနသည့္ ေလသူရဲ ႏွစ္ဦး မွာ ရိပ္သာ ေရွ႕ သို႔ ဂ်စ္ကား တစီး ျဖင့္ ေရာက္လာ သည့္ အမွတ္ (၁) အုပ္မွ ေလသူရဲ ဗိုလ္ စံျမင့္ ေၾကာင့္ သူ တို႔ ၏ ကစားပြဲ ကို ရပ္နား လိုက္ၾက ကာ ဂ်စ္ကား ေပၚသို႔ အလ်င္ အျမန္ တက္ရင္း ဗိုလ္စံျမင့္ ေခၚေဆာင္ ရာ ေလယာဥ္ ကြင္း ဆီသို႔ အေတြး ကိုယ္စီ ျဖင့္ လိုက္ပါ လာခဲ့ ၾက ေလသည္။ ဗိုလ္စံျမင့္ သည္လည္း ဗိုလ္ ခ်စ္ခိုင္၊ ဗိုလ္ ပီတာ တို႔ ကဲ့သို႔ တိုက္ ေလယာဥ္ ေမာင္းႏွင္ ရသူ ေလ သူရဲ တဦး ျဖစ္ ေသာ္လည္း က်ိဳင္းတုံ တပ္ဆြယ္ ၌ အေပါ့ စား ခရီးသည္ တင္ ေလယာဥ္ (ဆက္စနာ) ေလယာဥ္ ေမာင္းႏွင္ မည့္သူ မရွိ ျခင္း ေၾကာင့္ အာဂႏၲဳ စက္စနာ ေလယာဥ္ မႉး ကေလး ျဖစ္ေန ရရွာသူ ပင္ တည္း။ ေဆာင္း အကုန္ ေႏြ အကူး ကာလ မို႔ ဖုန္ အလူးလူး ထ ေနသည့္ ရိပ္သာ ႏွင့္ ေလယာဥ္ ကြင္း ကို ဆက္သြယ္ ေဖာက္လုပ္ ထားရာ ေျမနီ လမ္း ကေလး ထက္တြင္ ဂ်စ္ကား ကေလး သည္ ခုန္ေပါက္ ေမာင္းႏွင္ ရင္း က်ိဳင္းတုံ ေလယာဥ္ ကြင္း ဆီသို႔ သူတို႔ ေရာက္ခဲ့ ျပန္ ေလၿပီ။

ေလဆိပ္ အေဆာက္ အအုံ ေရွ႕တြင္ ေတာ့ ဆီျဖဴရီ တိုက္ ေလယာဥ္ သုံးစီး က တိုက္ပြဲ ဝင္ရန္ အသင့္ အေန အထား ျဖင့္ လက္နက္ အစုံ အလင္ တပ္ဆင္ ကာ သူ တို႔အား ေစာင့္ႀကိဳ လ်က္ ေနေပ ၿပီ။ အမွတ္ (၅၀၁) ေလတပ္ စခန္း ၏ တပ္မႉး တာဝန္ ႏွင့္ အမွတ္ (၁) တိုက္ ေလယာဥ္ အုပ္ ၏ အုပ္မႉး တာဝန္ တို႔ကို ပူးတြဲ တာဝန္ ယူထား သည့္ ဗိုလ္မႉး တင္ေမာင္ေအး ကိုလည္း တိုက္ ေလယာဥ္ တစီး ၏ နံေဘး တြင္ ဗိုလ္ ေမာင္သိန္း (ေလ/၁၂၀၁) ႏွင့္ အတူ ရပ္ေန သည္ကို ေတြ႕ လိုက္ရ သည္။ စစ္ဆင္ ေရး ဝတ္စုံ ကို အသင့္ ဝတ္ထား သည့္ ဗိုလ္ ေမာင္သိန္း ၏ လက္ထဲ တြင္ေတာ့ ေလေၾကာင္း သုံး ေျမပုံ တခ်ပ္။ ယေန႔ နံနက္ (၀၉း၀၀) နာရီ အခ်ိန႔္ခန႔္ ကပင္ ဗိုလ္မႉး တင္ေမာင္ေအး ႏွင့္ ဗိုလ္ ေမာင္သိန္း တို႔ ႏွစ္ဦးသား က်ိဳင္းတုံ ေလယာဥ္ ကြင္း မွ ေန၍ တာခ်ီလိတ္ သို႔ ဆက္စနာ ေလယာဥ္ တစီး ျဖင့္ ထြက္သြား ခဲ့ၾက သည္။ တာခ်ီလိတ္ ေလယာဥ္ ကြင္း အတြင္း ၌ ေခတၱ ဆင္း ကာ တာခ်ီလိတ္ တြင္ တပ္စြဲ ထားေသာ ေျခလ်င္ တပ္ရင္း မွ တပ္ရင္းမႉး ကို ေခၚေဆာင္ၿပီး တာခ်ီလိတ္ ၿမိဳ႕ ႏွင့္ မနီး မေဝး အရပ္မွ ရန္သူ႔ ေျမျပင္ စခန္း မ်ားကို ေကာင္းကင္ ယံ မွ ကင္းေထာက္ ပ်ံသန္း ခဲ့ၾက သည္။ ယခု ေနမြန္း တိမ္းခ်ိန္ တြင္ က်ိဳင္းတုံ သို႔ ျပန္ေရာက္ လာၿပီး သူ တို႔ကို ေခၚသည္ ဆိုေတာ့ တခုခု ေတာ့ အေၾကာင္း ထူး ရွိေပ လိမ့္မည္။ ေသခ်ာ သည္က သူတို႔ ယခု တိုက္ပြဲ ဝင္ရမည္ ဆိုသည္ သာ တည္း။ ဗိုလ္ ေမာင္သိန္း၊ ဗိုလ္ ခ်စ္ခိုင္၊ ဒုဗိုလ္ ပီတာ တို႔ (၃) ဦး ကို ဗိုလ္မႉး တင္ေမာင္ေအး က သူတို႔ ထမ္းေဆာင္ ရမည့္ တာဝန္ ကို အက်ဥ္း ခ်ဳပ္ ရွင္းျပ သည္ကား ဤသို႔ တည္း။

ျဖစ္စဥ္ အဖြင့္

မနက္ခင္း က ဗိုလ္မႉး တင္ေမာင္ေအး ႏွင့္ ဗိုလ္ ေမာင္သိန္း တို႔ ႏွစ္ဦး ကင္းေထာက္ ပ်ံသန္း ေနစဥ္ ရန္သူ တ႐ုတ္ ျဖဴ တပ္မ်ား တပ္စြဲ ထားရာ တာခ်ီလိတ္ အ ေနာက္ ေတာင္ဘက္ မလွမ္း မကမ္း တြင္ ရွိေသာ ဝမ္းပန္ဆန္း ေဒသ ေကာင္းကင္ တြင္ ကင္းေထာက္ ပ်ံသန္း ေနစဥ္ ေျမျပင္ ရွိ တ႐ုတ္ ျဖဴ တပ္ စခန္းမွ DZ  (DroppingZone = ေဝဟင္ ပစၥည္း ခ်ရန္ အမွတ္ အသား) အခ်က္ ျပ ေနသည္ ကို ေတြ႕ရွိ ခဲ့ရ သည္။ ယခင္ ခါတိုင္း ေန႔ မ်ား ကလည္း ပစၥည္း ခ်ေပး ခဲ့ၿပီး ယေန႔ တြင္ လည္း ပစၥည္း ခ်ရန္ အစီစဥ္ ရွိ ၍သာ DZ အမွတ္ အသား ခင္းထား ျခင္း ျဖစ္ေၾကာင္း ဗိုလ္မႉး သူရ တင္ေမာင္ေအး မွ သုံးသပ္ လိုက္ၿပီး က်ိဳင္းတုံ သို႔ အျမန္ ျပန္ ခဲ့သည္။ ေျခလ်င္ တပ္မ်ား ထံမွလည္း မၾကာ ခဏ ဆိုသလို ပင္ ျမန္မာ ျပည္ နယ္နိမိတ္ အတြင္းသို႔ ျဖတ္ေက်ာ္ ပ်ံသန္း လာသည့္ ရန္သူ႔ ေလယာဥ္ သတင္း မ်ား ေပးပို႔မႈ ကို လက္ခံ ရရွိ ထား သျဖင့္ ယခု ျမင္ေတြ႕ လိုက္ရ သည့္ DZ အမွတ္ အသား အရ ရန္သူ႔ ေလယာဥ္ အနည္းဆုံး တစီး သည္ ယေန႔ တြင္ ျမန္မာ့ ေဝဟင္ ပိုင္နက္ ဆီသို႔ ဝင္ေရာက္ လာမည္မွာ မလြဲ ဧကန္။ မၾကာ ေသး ခင္ ကာလ မ်ား ဆီ ကလည္း ဗိုလ္ေမာင္သိန္း ႏွင့္ ဗိုလ္ခ်စ္ခိုင္ တို႔ နမ့္ဆန္ တပ္ဆြယ္ မွ ေန၍ က်ိဳင္းတုံ သို႔ ေခတၱ ေရာက္စဥ္ တြင္ မဲေခါင္ စစ္ဆင္ ေရးမႉး ဗိုလ္မႉးႀကီး ထြန္းစိန္ က ရန္သူ႔ ေလယာဥ္ မ်ား ဝင္ေရာက္ ေနသည့္ သတင္း ကို ထပ္မံ အတည္ ျပဳ ခဲ့ သျဖင့္ ယေန႔ ေဖေဖာ္ဝါရီ လ (၁၅) ရက္ တြင္ ရန္သူ႔ ေလယာဥ္ ဝင္ေရာက္ မည္မွာ ေသခ်ာ ေန ေပၿပီ။

ျဖစ္စဥ္

သုံးသပ္ခ်က္ မ်ား အရ ရန္သူ႔ ေလယာဥ္ပ်ံ ဝင္ေရာက္ မည္ မွာ ေသခ်ာ ေနၿပီ မို႔ ဆီးျဖဴရီ ေလယာဥ္ အမွတ္ (UB 464) ေမာင္းႏွင္ ေသာ ဗိုလ္ ေမာင္သိန္း ေခါင္း ေဆာင္ၿပီး (UB 466) ေမာင္း ႏွင္ေသာ ဒုတိယ ဗိုလ္ ပီတာ ႏွင့္ (UB 465) ေမာင္းႏွင္ ေသာ ဗိုလ္ ခ်စ္ခိုင္ တို႔ပါဝင္ သည့္ ဆီးျဖဴရီ တိုက္ ေလယာဥ္ (၃) စီးပါ အုပ္ အား DZ ေတြ႕ရွိ ခဲ့ရေသာ နယ္ေျမ သို႔ ေစလြတ္ ခဲ့သည္။ ဗိုလ္မႉး သူရ တင္ေမာင္ေအး သည္ သူ ကိုယ္တိုင္ လိုက္ပါရန္ ျဖစ္ေသာ္လည္း သူေဆာင္း ေနက် ေလ သူရဲ ဦးထုပ္ တပ္မဟာ ႐ုံး တြင္ က်န္ရစ္ ခဲ့သျဖင့္ သြားယူ ေနလွ်င္ ေနာက္က် မည္ ျဖစ္သျဖင့္ ဗိုလ္ ေမာင္သိန္း အား ေခါင္းေဆာင္ ေစကာ ေစလႊတ္ လိုက္ျခင္း ျဖစ္သည္။ ဒါကိုတာ ေလယာဥ္ ကဲ့သို႔ ျပန္လည္ ရန္ ျပဳတိုက္ ခိုက္ႏိုင္ ျခင္း မရွိသည့္ သယ္ယူ ပို႔ေဆာင္ေရး ေလယာဥ္ ျဖစ္ေနလွ်င္ ထို ေလယာဥ္ အား ဝဲယာ တဖက္ တခ်က္ မွ ညႇပ္ကာ ေျခာက္လွန႔္ ပ်ံသန္း ၿပီး က်ိဳင္းတုံ ေလယာဥ္ ကြင္း သို႔ ဖမ္းဆီး ေခၚေဆာင္ လာရန္ ႏွင့္ တိုက္ခိုက္ေရး ေလယာဥ္ ႏွင့္ ဗုံးႀကဲ ေလယာဥ္ မ်ား ျဖစ္ေနပါက အၿပီး အပိုင္ ပစ္ခတ္ ေခ်မႈန္း ခဲ့ ရန္ အတြက္ အမိန႔္ ေပး လိုက္ ေလသည္။

အခ်ိန္ အနည္းငယ္ အတြင္း မွာ ပင္ ဗိုလ္ ေမာင္သိန္း ဦးေဆာင္ သည့္ တိုက္ ေလယာဥ္ သုံးစီး သည္ က်ိဳင္းတုံ ၿမိဳ႕ ေကာင္းကင္ ယံထက္ ဆီ သို႔ ပ်ံတက္ သြားၾက ေလၿပီ။ အခ်ိန္ က ညေန (၁၅း၁၅) နာရီ အတိ။ က်ိဳင္းတုံ ၿမိဳ႕ပတ္ဝန္းက်င္ ေကာင္းကင္ ထက္တြင္ တိမ္ကင္းရွင္း လ်က္ ရာသီ ဥတု သာယာ ေန ေသာ္လည္း ရိတ္သိမ္း ၿပီးစ ေတာင္ယာ မ်ား မွ ယာ အႂကြင္း အက်န္ မ်ား မီးရႈိ႕ ၿပီးစ အခ်ိန္ ျဖစ္ေန ျခင္း ေၾကာင့္ ေလထု ပတ္ဝန္းက်င္ မွာ မီး ခိုးရိပ္ မ်ားႏွင့္ ျပည့္လ်က္ Hazy Weather ေခၚ ျမင္ကြင္း မေကာင္း လွသည့္ အေျခ အေန ျဖစ္ေန သည္။ ထို႔ေၾကာင့္ လည္း ျမင္ကြင္း ရွင္းလင္း သည့္ ေပ ခုနစ္ေထာင္ အထက္ ထိ ေရာက္ေအာင္ ပ်ံသန္း ရင္း လြယ္ေမြ ေတာင္တန္း ႀကီး ကို ေက်ာ္ျဖတ္ကာ တာခ်ီလိတ္ ၿမိဳ႕ေပၚသို႔ တိုက္ ေလယာဥ္ သုံးစီး ေရာက္ရွိ ခဲ့ေလ ၿပီ။ က်ိဳင္းတုံ မွ စတင္ ထြက္ခြာ ခဲ့ၿပီး ဆယ့္ ငါးမိနစ္ မွ် အၾကာ တြင္ ရန္သူ႔ စခန္း တည္ရွိ ရာ ဝမ္ပန္ဆန္း ႐ြာ အထက္ ေဝဟင္ ယံထက္ သို႔ ေရာက္ခဲ့ ၾကၿပီ။

ဝမ္ပန္းဆန္း ႐ြာ အထက္ ေကာင္းကင္ ယံ တြင္ နာရီဝက္ ေက်ာ္မွ် ၾကာေအာင္ ပ်ံဝဲ ေနၾက ရင္း ညေန (၁၆း၀၅) နာရီ တြင္ေတာ့ အေရွ႕ အရပ္ ဆီမွ အင္ဂ်င္ ေလးလုံး တပ္ အစိမ္းပုတ္ ေရာင္ ေလယာဥ္ ပ်ံႀကီး တစီး သည္ ဝမ္ပန္ဆန္း ႐ြာ ထက္ ဆီသို႔ ဦးတည္ ပ်ံသန္း လာေန သည္ ကို ဗိုလ္ ပီတာ စတင္ ေတြ႕ျမင္ လိုက္ ရၿပီး အုပ္ ေခါင္းေဆာင္ ဗိုလ္ ေမာင္သိန္း ထံသို႔ ေရဒီယို ဆက္သြယ္ေရး စက္မွ တဆင့္ သတင္း ပို႔ လိုက္ေတာ့ သည္။ ေစာင့္ ရက်ိဳး နပ္ ေလၿပီ။

ဗိုလ္ ပီတာ ထံမွ သတင္း ေပးပို႔ ခ်က္ကို ရရွိ သည္ ႏွင့္ ဗိုလ္ ေမာင္သိန္း ၏ မ်က္လုံး မ်ားက က်ဴးေက်ာ္ ဝင္ေရာက္ လာသည့္ ရန္သူ႔ ေလယာဥ္ ကို အလ်င္ အျမန္ ရွာေဖြ ေနမိ သည္။ စကၠန႔္ ပိုင္း အတြင္း မွာ ပင္လွ်င္ ရန္သူ႔ ေလယာဥ္ ကို ရွာေဖြ ေတြ႕ရွိ လိုက္ သည္။ ဗိုလ္ ခ်စ္ခိုင္ သည္ ဝင္ေရာက္ လာေန သည့္ ေလယာဥ္ ၏ အမ်ိဳး အစား ကို ေသခ်ာ တိက်စြာ မသိ ေခ်။ ထို႔ေၾကာင့္ အုပ္ ေခါင္းေဆာင္ ဗိုလ္ ေမာင္သိန္း ထံသို႔ ေရဒီယို ဆက္သြယ္ ေရး မွ တဆင့္ ေလယာဥ္ ၏ အမ်ိဳးအစား ကို လွမ္းေမး ျပန္ေတာ့ ဗိုလ္ေမာင္သိန္း လည္း ထို ေလယာဥ္ႀကီး ၏ အမ်ိဳး အမည္ ကို ေသခ်ာ စြာ မသိ။ ေလတပ္ ရဲၫြန႔္ အျဖစ္ အဂၤလန္ ႏိုင္ငံ တြင္ ပညာေတာ္ သင္ သြားေရာက္ ခဲ့သည့္ အဂၤလန္ ျပန္ ဗိုလ္ ပီတာ ကို လွမ္း ေမးျပန္ ေတာ့ လည္း ဘာမွ မထူး။ သူတို႔ အတြက္ ဤ ေလယာဥ္ ၏ အမ်ိဳး အစား ကို အဘယ္ ေၾကာင့္ ဤမွ် အထိ သိလို စိတ္ ျပင္းျပ ေနရ ပါ သနည္း။ အေျဖ ကေတာ့ ရွင္း ပါသည္။ ယခု က်ဴးေက်ာ္ လာေသာ ေလယာဥ္ သည္ သယ္ယူ ပို႔ေဆာင္ ေရး ေလယာဥ္ သာ ျဖစ္ျငား အံ့။ ဗိုလ္မႉး ခင္ေမာင္ေအး မိန႔္မွာ လိုက္သည့္ အတိုင္း က်ိဳင္းတုံ ေလဆိပ္ အထိ ထို ေလယာဥ္ ပ်ံ ကို ဖမ္းေခၚ သြားရ ေပလိမ့္ မည္။ အကယ္ ၍ ဗုံးႀကဲ ေလယာဥ္ ျဖစ္ေန လွ်င္ လည္း ႏိုင္ငံ ပိုင္နက္ ေဝဟင္ ထဲတြင္ အၿပီးသတ္ ေခ်မႈန္း ရေပ လိမ့္မည္။ (တိုက္ပြဲ ၿပီးဆုံး ခ်ိန္ တြင္ သိရ သည္ မွာ ထို ေလယာဥ္ သည္ B 24 Liberator Y2 အမ်ိဳး အစား ဗုံးႀကဲ ေလယာဥ္ႀကီး ျဖစ္ေလ သည္။အခ်ိဳ႕ စာေစာင္ မ်ား ၌ P4 Y2 Privateer ေလယာဥ္ ဟု ေရးသား ထားသည္ ကိုလည္း ေတြ႕ရွိ ရသည္။ မည္သည္ က အမွန္ ဟူ၍ မသိ ပါ။) ရန္သူ႔ ေလယာဥ္ ႀကီး ပုံသ႑ာန္ မွာ High Wings Single Fan with Defensive Armament ျဖစ္ သည္။ ေလယာဥ္ႀကီး တြင္ ဒႆမ ၅၀ က်ည္သုံး စက္ ေသနတ္ ႀကီး (ပြိဳင့္ဖိုက္) ၁၂ လက္ ကို တပ္ဆင္ ထားေၾကာင္း သိ ရသည္။

ေလသူရဲ (၃) ဦး စလုံး ေလယာဥ္ အသီးသီး ေပၚတြင္ ထို ေလယာဥ္ႀကီး ၏ အမ်ိဳး အစား ကို ကိုယ္စီ ကိုယ္ငွ ေဝခြဲ မရ ျဖစ္ေနၾက ခ်ိန္ တြင္ ရန္သူ႔ ေလယာဥ္ ကိုယ္ထည္ အလယ္ ထိပ္ တြင္ တပ္ဆင္ ထားသည့္ စက္ ေသနတ္ ေၾကာင့္ ဗုံးႀကဲ ေလယာဥ္ ႀကီး ပင္ ျဖစ္ေၾကာင္း ဗိုလ္ ပီတာ ဦးစြာ ပထမ ျမင္ေတြ႕ လိုက္ရၿပီး အုပ္ ေခါင္းေဆာင္ ဗိုလ္ ေမာင္သိန္း ထံသို႔ အလ်င္ အျမန္ သတင္း ပို႔ လိုက္သည္။ ဗိုလ္ ေမာင္သိန္း တေယာက္ ျမင္ကြင္း အတြင္း မွ ေလယာဥ္ ထံ သို႔ အဖမ္း ခံရန္ အတြက္ ေရဒီယို ဆက္သြယ္ ေရး စက္မွ တဆင့္ အေၾကာင္း ၾကား ရာ မလိုက္နာ သည့္ အတြက္ အတူ အုပ္စု ဖြဲ႕ ပ်ံသန္း ေနသည့္ ေလ သူရဲ ဗိုလ္ ေမာင္သိန္း ႏွင့္ ဗိုလ္ ပီတာ တို႔ ထံသို႔ ရန္သူ႔ ေလယာဥ္ အား ပစ္ခတ္ ေခ်မႈန္း ရန္ အမိန႔္ ေပး လိုက္ေတာ့ သည္။ ဗိုလ္ ေမာင္သိန္း တို႔ ေနရာ ယူထား သည္ က အျမင့္ေပ ခုနစ္ ေထာင္ တြင္ ျဖစ္ၿပီး တဖက္ မွ ရန္သူ႔ ေလယာဥ္ ႀကီး မွာ ေပ ငါးေထာင္ အျမင့္ တြင္ ျဖစ္ေန သျဖင့္ ဗိုလ္ ေမာင္သိန္း တို႔ ဖက္မွ အသာစီး ရေန ေပသည္။ ပထမ ဦးဆုံး ဗိုလ္ ေမာင္သိန္း ၏ တိုက္ ေလယာဥ္ ထိုးဆင္း သြားၿပီး ေလယာဥ္ တြင္ တပ္ဆင္ ထားသည့္ ၂၀ မီလီ မီတာ Hispano စက္ ေသနတ္ ျဖင့္ ရန္သူ႔ ေလယာဥ္ ၏ ဘယ္ဘက္ အင္ဂ်င္ ႏွစ္လုံးကို စတင္ ကာ ပစ္ခတ္ ျခင္းျဖင့္ ျမန္မာ့ တပ္မေတာ္ (ေလ) ၏ ပထမ ဦးဆုံး ေသာ ေလေၾကာင္း စီးခ်င္း ထိုးမႈ သမိုင္း ကို စတင္ ဖြင့္လွစ္ လိုက္ေတာ့ သည္။

Hispano ႏွင့္ ပတ္သက္ ၍ ဗဟုသုတ အေန ျဖင့္ ဆိုရေသာ္ ၎မွာ စက္ေသနတ္ လည္း မက၊ အေျမႇာက္ လည္း မက် သည့္ စက္ အေျမႇာက္ ဟု ပင္ ဆိုရ ခ်ိမ့္ မည္။ သာမန္ စက္ ေသနတ္ မ်ား ကဲ့သို႔ ႐ိုး႐ိုး ေဖာက္ထြင္း က်ည္မ်ား သာမက တဆင့္ ထပ္မံ ေပါက္ကြဲ ေစသည့္ က်ည္မ်ား လည္း ပါဝင္ သျဖင့္ ထို လက္နက္ ကို စက္ အေျမႇာက္ ဟု ေခၚျခင္း ပင္။ ထိုသို႔ ေသာ ဟစၥ ပါႏို စက္ အေျမႇာက္ မ်ား သည္ ဆီျဖဴရီ ေလယာဥ္ ေတာင္ပံ တဖက္ လွ်င္ ႏွစ္လက္ ႏႈန္း ျဖင့္ ေလယာဥ္ တစီး တြင္ ေလး လက္စီ တပ္ဆင္ ထားေလ သည္။ ပစ္ခတ္မႈ ကို လွ်ပ္စစ္ ဓာတ္အား ျဖင့္ ထိန္းခ်ဳုပ္ ထားၿပီး စက္ ေသနတ္ တလက္ လွ်င္ က်ည္ဆန္ အေရ အတြက္ (၁၂၅) ေတာင့္ ပါရွိ ေလ သည္။ က်ည္ဆန္ သုံးေတာင့္ (သို႔တည္း မဟုတ္) ငါးေတာင့္ ပစ္ခတ္ ၿပီးသည္ ႏွင့္ မီး လမ္းျပ က်ည္ (Tracer) တေတာင့္ ႏႈန္း ထြက္ ေစရန္ စီမံ ထား သျဖင့္ ေလ သူရဲ အေန ျဖင့္ က်ည္သြား လမ္းေၾကာင္း ကို ေကာင္း မြန္စြာ ျမင္ေတြ႕ ႏိုင္ေလ သည္။

ဗိုလ္ေမာင္သိန္း တေယာက္ ရန္သူ႔ ေလယာဥ္ ႏွင့္ တိုက္မိ လု နီးပါး အကြာ အေဝး သို႔ ခ်ဥ္းကပ္ မိသည္ အထိ တရစပ္ ပစ္ခတ္ တိုက္ခိုက္ ေသာ္လည္း ေလယာဥ္ ၏ အျမန္ ႏႈန္း ေၾကာင့္ ပစ္ခတ္ခြင့္ ရသည့္ အခ်ိန္ မွာ ေလး စကၠန႔္ ထက္ ပင္ မပို ပါေခ်။ ဗိုလ္ ေမာင္သိန္း ေလယာဥ္ ၿပီး သည္ ႏွင့္ ဗိုလ္ပီတာ အလွည့္ သို႔ ေရာက္ လာသည္။ ဗိုလ္ ပီတာ လည္း သူ႔ ေလယာဥ္ မွ ဟစၥပါႏို ေသနတ္ ျဖင့္ ဆက္တိုက္ ဆိုသလို ပင္ ဝင္ေရာက္ ပစ္ခတ္ ေတာ့ သည္။ သူ၏ ပစ္ခတ္ ခြင့္ ရခ်ိန္ မွာလည္း ဗိုလ္ ေမာင္သိန္း ကဲ့သို႔ ပင္။ ထူးျခား ခ်က္ အေန ႏွင့္ ဗိုလ္ေမာင္သိန္း ေလယာဥ္ ဝင္ အပစ္ ႏွင့္ ေရွ႕ဆင့္ ေနာက္ဆင့္ တြင္ ရန္သူ႔ ေလယာဥ္ မွ အထုပ္ ႏွစ္ထုပ္ ျပဳတ္က် သြားသည္ ကို ေတြ႕ျမင္ လိုက္ရ သည္။ ေျမျပင္ ရွိ တ႐ုတ္ ျဖဴ စခန္း သို႔ ခ်ေပး ရန္ အတြက္ ယူေဆာင္ ခဲ့သည့္ လက္နက္ ပစၥည္း (သို႔မဟုတ္) ရိကၡာ ထုပ္မ်ား ပင္ ျဖစ္ေခ် လိမ့္ မည္။ ဗိုလ္ ပီတာ ေလယာဥ္ တိုက္ခိုက္ မႈ မစတင္ မီ တြင္လည္း ေလထီး ျဖင့္ ရိကၡာ ခ်ေသာ တံခါး ေပါက္ ဆီမွ လူ ႏွစ္ေယာက္ ေလထီး အစိမ္း ေရာင္ မ်ား ျဖင့္ ခုန္ဆင္း သြားသည္ ကို ျမင္ေတြ႕ လိုက္ ရသည္။ ဗိုလ္ ပီတာ ၏ ေလယာဥ္ ထံမွ ပစ္ခတ္မႈ ၿပီးဆုံး ၍ တေက်ာ့ ျပန္လည္ မဝင္ လာမီတြင္ ဗိုလ္ခ်စ္ခိုင္ ၏ ေလယာဥ္ လည္း ထိုးစိုက္ ဝင္လာ ေနေပ ၿပီ။ သည္ တခ်ီ တြင္ေတာ့ ရန္သူ႔ ေလယာဥ္ ထံမွ တုံ႔ျပန္ ပစ္ခတ္ သည့္ က်ည္ဆံ မ်ား က ဗိုလ္ခ်စ္ခိုင္ ၏ ေလယာဥ္ အမိုး ကို ခ်ိန္သား မမွန္စြာ ျဖင့္ ျဖတ္ေက်ာ္ သြားၾက သည္။ ဗိုလ္ ခ်စ္ခိုင္ ပစ္ခတ္ လိုက္သည့္ က်ည္ဆန္ မ်ား ကမူ ရန္သူ႔ ေလယာဥ္ အင္ဂ်င္ခန္း ေအာက္ ကိုယ္ ထည္ ပိုင္း ဆီသို႔ တည့္မတ္စြာ ေျပးဝင္ သြားေၾကာင္း ကို မီးလမ္းျပ က်ည္ (Tracer Bullet) မ်ား ေၾကာင့္ သိလိုက္ ရသည္။ အၿပီး သတ္ ေခ်မႈန္း ေတာ့မည့္ အႏၲရာယ္ ကို ရိပ္စား မိသည့္ တဖက္ ရန္သူ႔ ေလယာဥ္မႉး မွာ လည္း သူ၏ ေလယာဥ္ ကို ၁၈၀ ဒီဂရီ လွည့္ လ်က္ အိမ္နီးခ်င္း တဖက္ ႏိုင္ငံ နယ္နိမိတ္ ဆီ သို႔ ဦးတည္ ပ်ံသန္း ရန္ အားထုတ္ ေလေတာ့ သည္။ ထို သို႔ ေလယာဥ္ ကို တပတ္ ျပန္လွည့္ ေနစဥ္ မွာပင္ ဗိုလ္ေမာင္သိန္း ၏ ေလယာဥ္ က ဒုတိယ အေၾကာ့ အေန ျဖင့္ ထပ္မံ ထိုးႏွက္ တိုက္ခိုက္ ျပန္၏။ ဗိုလ္ေမာင္သိန္း ၏ ပစ္ခတ္မႈ အၿပီး တြင္ေတာ့ ရန္သူ ေလယာဥ္ ပ်ံႀကီး ၏ ဘယ္ဘက္ တြင္ တပ္ဆင္ ထားေသာ အင္ဂ်င္ ႏွစ္လုံး ႏွင့္ ညာဘက္ အျပင္ ျခမ္း အင္ဂ်င္ မ်ား စတင္ မီး ေတာက္ေလာင္ ေခ်ၿပီ။ သို႔ေသာ္ လည္း ရန္သူ မွာ သူ႔ ေလယာဥ္ ကို လုံးဝ မေလွ်ာ့ခ် ပဲ တဖက္ အိမ္နီးခ်င္း ႏိုင္ငံ နယ္နိမိတ္ အတြင္း ေရာက္ေအာင္ အရွိန္ ျပင္းစြာ ႏွင့္ ဆက္လက္ ပ်ံသန္း လို႔ ေနေသး သည္။

ရန္သူ ကို အလြတ္ မေပး လိုသည့္ ဗိုလ္ ပီတာ တေယာက္ ရန္သူ႔ ေလယာဥ္ ညာဘက္ ျခမ္း ဆီသို႔ ပ်ံသန္း ခ်ဥ္းကပ္ လ်က္ ထပ္မံ တိုက္ခိုက္ ျပန္ေတာ့ သည္။ သည္ တခ်ီ တြင္ေတာ့ တလုံး တည္းသာ အေကာင္း ပကတိ က်န္ရွိ ေနေသး သည့္ ရန္သူ႔ ေလယာဥ္ ၏ ညာ ေတာင္ပံ အတြင္း အင္ဂ်င္ လည္း စတင္ ကာ မီးစြဲ ေလာင္ ေလၿပီ။ အင္ဂ်င္ အားလုံး မီးေလာင္ ေနၿပီ ျဖစ္ ေသာ္လည္း ေလယာဥ္ႀကီး မွာ ေျမသို႔ ထိုးစိုက္ က် မသြား ေသးပဲ အေရွ႕ တူ႐ူ အရပ္ သို႔ ဆက္လက္ ပ်ံသန္း လ်က္ ရွိေန ေသး သည္။ ထိုအခိုက္ မွာပင္ ဗိုလ္ ပီတာ ထံမွ သူ႔အား ရန္သူ႔ ပစ္ခတ္မႈ ခံလိုက္ ရျခင္း သတင္း ေပးပို႔ခ်က္ ကို ဗိုလ္ခ်စ္ခိုင္ တေယာက္ ဆက္သြယ္ေရး စက္မွ တဆင့္ ၾကား လိုက္ရ သည္။ သို႔ေသာ္ ရန္သူ႔ ေလယာဥ္ ထံမွ ေပါက္ကြဲ သံေၾကာင့္ ရန္သူ အား အၿပီး သတ္ ေခ်မႈန္းရန္ စိတ္အား ထက္သန္ ေနေသာ ဗိုလ္ခ်စ္ခိုင္ မွာ ဗိုလ္ပီတာ ေလယာဥ္ ထံ ၾကည့္ရန္ အာ႐ုံ မရ လိုက္ပဲ ရန္သူ႔ ေလယာဥ္ ဦးခန္း ဆီသို႔ က်ည္ဆန္ မ်ား တသီ တတန္း ႀကီး ထပ္မံ ပစ္လႊတ္ လိုက္ျပန္ သည္။ သို႔ရာ တြင္ ထို အေခါက္ သူ ပစ္သမွ် က်ည္ဆန္ မ်ား က ရည္မွန္း ခ်က္ သို႔ မေရာက္ ပဲ အင္ဂ်င္ အေနာက္ ဖက္ျခမ္း မွ ကိုယ္ထည္ ပိုင္း ဆီ သို႔သာ စုၿပဳံ တိုးေဝွ႔ လ်က္ ထိမွန္ သြားၾက သည္။ သည္ တႀကိမ္ ပစ္ခတ္ ရာ တြင္ ဗိုလ္ခ်စ္ခိုင္ ၏ ေလယာဥ္ ႏွင့္ ရန္သူ႔ ေလယာဥ္ မွာ ဆယ္ေပ မွ် ပင္ မကြာေဝး ေတာ့ သည့္ အေန အထား ေရာက္သည္ အထိ ပူးကပ္ တိုက္ခိုက္ မိ သျဖင့္ ေလယာဥ္ ခ်င္း ဝင္ေဆာင့္ မည့္ အႏၲရာယ္ ကို ေရွာင္လြဲွ ႏိုင္ရန္ အတြက္ ဗိုလ္ခ်စ္ခိုင္ မွာ သူ႔ေလယာဥ္ ကို အေပၚ သို႔ ဆြဲတင္ ပ်ံသန္း လိုက္ရ ေတာ့သည္။ စကၠန႔္ ဝက္မွ်သာ ေနာက္က် ခဲ့လွ်င္ ဗိုလ္ခ်စ္ခိုင္ သည္ လည္း ရန္သူ႔ ေလယာဥ္ ႏွင့္ တိုက္မိ ၿပီး အသက္ ဆုံးရႈံး ရမည္ မွာ အေသ အခ်ာ တည့္။ ထိုသို႔ ရန္သူ႔ ေလယာဥ္ ႏွင့္ ကပ္လ်က္ အေပၚ မွ ပ်ံသန္းရင္း ဗိုလ္ ခ်စ္ခိုင္ ေလယာဥ္ ေနာက္ၿမီး ပိုင္း မွ က်ယ္ေလာင္ ေသာ အသံ တခု ထြက္ လာသည္။ ရန္သူ႔ က်ည္သင့္ ေလ သေလာ၊ ေလယာဥ္ အၿမီး ပိုင္း ႏွင့္ ရန္သူ႔ ေလယာဥ္ တိုက္မိ ေလသည္ ေလာ ဗိုလ္ခ်စ္ခိုင္ မသိ လိုက္ ရ။ ေလယာဥ္ ကို ထိန္းသိမ္း ေမာင္းႏွင္ ေနရ သည္မွာ ေလယာဥ္ အၿမီးပိုင္း မွ ခါ သကဲ့ သို႔ ျဖစ္လို႔ ေနသည္။ ဗိုလ္ ခ်စ္ခိုင္ ၏ တိုက္ ေလယာဥ္ တြင္ က်ည္ဆံ လည္း ကုန္ ေခ်ၿပီ။

ဆက္လက္ ပ်ံသန္း ေနသည့္ ရန္သူ႔ ေလယာဥ္ ထံ သို႔ ေပတရာ ခန႔္ အထိ နီးကပ္ ေအာင္ ပ်ံသန္း ၿပီးေနာက္ ဗိုလ္ေမာင္သိန္း တေယာက္ ဆက္လက္ ပစ္ခတ္ ေနရင္း မွ ရန္သူ႔ ေလယာဥ္ႀကီး သည္ အၿမီးပိုင္း တခုလုံး ျပဳတ္က် သြားကာ ေျမျပင္ ဆီသို႔ တရွိန္ ထိုး ျပဳတ္က် သြားသည္ ကို မ်က္ဝါး ထင္ထင္ ျမင္ေတြ႕ လိုက္ရ ေတာ့ သည္။ ရန္သူ႔ ေလယာဥ္ႀကီး ပ်က္က် သြားသည့္ ေနရာ မွာ အိမ္နီးခ်င္း တဖက္ ႏိုင္ငံ အတြင္း ပင္ ျဖစ္သည္။ ေပးအပ္ လိုက္ သည့္ တာဝန္ ကို ေက်ပြန္စြာ ထမ္း႐ြက္ ႏိုင္ခဲ့ၿပီ။ ငါး မိနစ္ မွ်သာ ၾကာျမင့္ ခဲ့သည့္ ဤ ေလေၾကာင္း တိုက္ပြဲႀကီး ကို သူတို႔ ေအာင္ျမင္ ခဲ့ေလ ၿပီ။ စစ္ပြဲ ၏ သေဘာ သဘာဝ အတိုင္း တိုက္ပြဲ ၿပီးသည္ ႏွင့္ မိမိ တပ္ကို စနစ္ တက် ျပန္လည္ စုဖြဲ႕ ကာ ေလယာဥ္ ကြင္း ဆီသို႔ ျပန္လည္ ထြက္ခြာ ရန္ အတြက္ ေရဒီယို ဆက္သြယ္ ေရး စက္ မွ တဆင့္ မိမိ ေလယာဥ္ အုပ္မွ ေလ သူရဲ မ်ား ကို ဆက္သြယ္ လိုက္ခ်ိန္ တြင္ ဗိုလ္ပီတာ ၏ ေလယာဥ္ မွ တုံ႔ျပန္မႈ ကို လုံးဝ မၾကား ရေတာ့ ေခ်။ ဗိုလ္ ခ်စ္ခိုင္ ေမာင္းႏွင္ သည့္ ေလယာဥ္ မွာ လည္း တိုက္ပြဲ တြင္ ထိခိုက္ ပ်က္စီးမႈ ျဖစ္ပြား ခဲ့သျဖင့္ ေလယာဥ္ ကြင္း ဆီသို႔ အေရး ေပၚ ျပန္လည္ ဆင္းသက္ ရေပ ေတာ့ မည္။ ဗိုလ္ခ်စ္ခိုင္ တဦး တည္း ပ်ံသန္း ရင္းမွ လမ္းတြင္ တစုံ တခု အႏၲရာယ္ ျဖစ္ပြား ခဲ့ေသာ္ ေလယာဥ္ ပ်က္ က်ရာ ေနရာ ကို အေၾကာင္းၾကား ေပးႏိုင္ မည့္သူ မရွိ ႏိုင္မွန္း ကို ခန႔္မွန္း မိ သျဖင့္ ဗိုလ္ ပီတာ ၏ ေလယာဥ္ ကို လိုက္လံ ရွာေဖြ ျခင္း မျပဳ ပဲ ဗိုလ္ခ်စ္ခိုင္ ႏွင့္ ဗိုလ္ေမာင္သိန္း တို႔ ႏွစ္ဦး က်ိဳင္းတုံ ၿမိဳ႕ ဆီ သို႔ ဦးတည္ လ်က္ သူတို႔ တိုက္ ေလယာဥ္ မ်ား ကို ပ်ံသန္း လာခဲ့ ၾက ေတာ့ သည္။

ပင္လယ္ ေရ မ်က္ႏွာ ျပင္ အထက္ ေပ (၅၀၀၀) အျမင့္ မွ ပ်ံသန္း လာခဲ့ ၾကရင္း က်ိဳင္းတုံ ေလယာဥ္ ကြင္း ရွိ ေလေၾကာင္း ထိန္း ေမွ်ာ္စင္ သို႔ အေျခ အေန အက်ဥ္း ခ်ဳပ္ ကို ဆက္သြယ္ ေရး စက္မွ တဆင့္ သတင္း ပို႔ကာ ကြင္းဆင္း ခြင့္ ေတာင္းခံ လိုက္ရ ေတာ့သည္။ ကြင္းဆင္းခြင့္ ရၿပီး သည္ ႏွင့္ ဗိုလ္ခ်စ္ခိုင္ ေလယာဥ္ ကို ဦးစား ေပး ဆင္းသက္ ေစ ရေတာ့ သည္။ ဗိုလ္ ခ်စ္ခိုင္ ေလယာဥ္ မွာ ေလယာဥ္ ေနာက္ၿမီး ေအာက္ပိုင္း တခု လုံး ေၾကမြ ပ်က္စီး သြားသည့္ အျပင္ ဘီးလည္း ျပဳတ္ထြက္ သြားခဲ့ သျဖင့္ ေလယာဥ္ ဝမ္းဗိုက္ ျဖင့္ ရွပ္ဆင္း ခဲ့ရ ေတာ့ သည္။ ေလယာဥ္ အေရွ႕ ဘက္ရွိ အင္ဂ်င္ တြင္ တပ္ဆင္ ထားသည့္ ပန္ကာ ဒလက္ ေလးခ စလုံး ေျမႀကီး ႏွင့္ ခုတ္မိ သျဖင့္ အတြင္း ဘက္ သို႔ ေကာက္ဝင္ သြားကာ ကိုက္ တရာ၊ ႏွစ္ ရာခန႔္ အထိ ပြတ္တိုက္ ေျပးၿပီး မွ ဗိုလ္ခ်စ္ခိုင္ ေလယာဥ္ မွာ ရပ္တန႔္ သြားေလ ေတာ့ သည္။ ေသကံ မေရာက္ သက္ မေပ်ာက္ သျဖင့္ ဗိုလ္ခ်စ္ခိုင္ တေယာက္ အသက္ ႏွင့္ခႏၶာ ဒြန္တြဲ လ်က္ ေလယာဥ္ အတြင္းမွ ထြက္လာ ႏိုင္ခဲ့ၿပီ ျဖစ္ေသာ္ ျငားလည္း စိတ္ေအး လက္ေအး မေန ႏိုင္ ေသး။ ေတာင္ႀကီး သား ကေလး အဂၤလန္ ျပန္ ဗိုလ္ ပီတာ အတြက္ သူတို႔ ေလတပ္ စခန္း မွ စစ္သည္ အားလုံး ၏ ရင္တြင္ ေတာ့ စိုးထိတ္ မႈ ကိုယ္စီ ျဖင့္ သာ။

ျဖစ္စဥ္နိဂုံး

ပြိဳင့္ (၃၁၁၅) ႏွင့္ ဝင္းမေနာ္ စခန္း မ်ားကို တိုက္ခိုက္ သိမ္းပိုက္ ၿပီး မိုင္းပါလွ်ိဳ တြင္ တပ္စြဲ ထားေသာ အမွတ္ (၃) ေသနတ္ကိုင္ တပ္ရင္း သနက (၃) ထံမွ နယ္ေျမ တာဝန္ လႊဲေျပာင္း လက္ခံ ထားသည့္ တပ္မေတာ္ ေျချမန္ တပ္ရင္း တရင္း သည္ ထိုေန႔ ၏ ည (၂၀း၀၀) နာရီ တြင္ေတာ့ တပ္ရင္း တရင္း လုံး တာခ်ီလိတ္ ၿမိဳ႕ သို႔ အျမန္ ဆုံး ခ်ီတက္ ရန္ ဟူေသာ ေၾကးနန္း ေပးပို႔ ခ်က္ တခု ကို လက္ခံ ရရွိ ခဲ့ေလ ေတာ့သည္။ တပ္ရင္း မွ တပ္ခြဲ မ်ား ကို ကုန္းလမ္း အတိုင္း မိုင္းပါလွ်ိဳ မွ တာေလ သို႔ ခ်ီတက္ ေစ၍ တာေလ မွ တာခ်ီလိတ္ သို႔ ယာဥ္တန္း ျဖင့္ ပို႔ေဆာင္ ေပးခဲ့ သည္။ ထို တပ္ရင္း ၏ တပ္ရင္း မႈး ဒုတိယ ဗိုလ္မႉးႀကီး ခင္ေမာင္ေသာင္း ကို ေအာ္တာ ေလယာဥ္ ျဖင့္ မိုင္းပါလွ်ိဳး မွ တာခ်ီလိတ္ သို႔ ပို႔ေဆာင္ ေပးခဲ့ သည္။ ထို တပ္ရင္း ထမ္းေဆာင္ ရမည့္ အဓိက တာဝန္ မွာ ညေနပိုင္း တြင္ ျဖစ္ပြား ခဲ့ေသာ ေလေၾကာင္း စစ္ပြဲ တြင္ ပ်က္က် သြားသည္ ဟု ယူဆ ထား သည့္ တပ္မေတာ္ (ေလ) မွ ဆီျဖဴရီ တိုက္ ေလယာဥ္ ႏွင့္ ေလ သူရဲ ဗိုလ္ ပီတာ၊ ပစ္ခ် ခံလိုက္ ရသည့္ က်ဴးေက်ာ္ ဝင္ေရာက္ လာေသာ ရန္သူ႔ ဗုံးႀကဲ ေလယာဥ္ ႀကီး တို႔ကို ရွာေဖြ ရန္ပင္ ျဖစ္ ေလ ေတာ့သည္။

ေဖေဖာ္ဝါရီ လ (၁၆) ရက္ေန႔ တြင္ေတာ့ ထိုစဥ္ က ဒုတိယ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ တာဝန္ ထမ္းေဆာင္ ေနေသာ ဗိုလ္မႉးခ်ဳပ္ ေအာင္ႀကီး က်ိဳင္းတုံ ၿမိဳ႕သို႔ ေရာက္ လာခဲ့ ေပၿပီ။ ထိုေန႔ တြင္ပင္ ျမန္မာ အစိုးရ က (KMT) တ႐ုတ္ျဖဴ တို႔၏ (B-24 LIBERATOR) အမ်ိဳး အစား ေလယာဥ္ ႀကီး တစ္စင္း ကို တ႐ုတ္ျဖဴ တပ္မ်ား အတြက္ ေလေၾကာင္း မွ လက္နက္ ႏွင့္ ရိကၡာ၊ ခဲယမ္း မ်ား လာေရာက္ ခ်ေပး စဥ္ ျမန္မာ့ ေလတပ္ တိုက္ ေလယာဥ္ မ်ား က ပစ္ခ် လိုက္ ေၾကာင္း ေၾကညာ လိုက္ သည္။ ထိုေန႔ တေန႔ တည္း တြင္ တိုင္ေပ အေျခ ျပဳ (Free China Relief Association) လြတ္လပ္ ေသာ တ႐ုတ္ ျပည္ ကယ္ဆယ္ ေရး အသင္း အဖြဲ႕ ေၾကညာ ခ်က္ တစ္ခု ထုတ္ျပန္ ရာ တြင္ ျမန္မာ့ နယ္ေျမ ေပၚတြင္ ပစ္ခ် ျခင္း ခံရေသာ (B-24 LIBERATIOR) အမ်ိဳး အစား ေလယာဥ္ပ်ံ မွာ ျမန္မာ ႏိုင္ငံ နယ္စပ္ ေဒသ ရွိ တ႐ုတ္ျဖဴ စစ္ေျပး ဒုကၡ သည္မ်ား ႏွင့္ ထိုင္း ႏိုင္ငံ အတြင္း ေရာက္ရွိ ေနေသာ တ႐ုတ္ စစ္ေျပး ဒုကၡ သည္မ်ား ကို သယ္ေဆာင္ ေရး အတြက္ တ႐ုတ္ျဖဴ အစိုးရ က စင္းလုံး ငွားရမ္း ခဲ့ေသာ ေလယာဥ္ ျဖစ္ေၾကာင္း ေဖာ္ျပ ခဲ့ေလ သည္။ ထိုေန႔ ၏ ညေနပိုင္း အေရာက္ တြင္ေတာ့ ထိုင္း ႏိုင္ငံ ရွိ ေကာင္ဆယ္လာ ႐ုံး မွ ဗိုလ္ ပီတာ ၏ ေလယာဥ္ အပ်က္ ႏွင့္ ဗိုလ္ပီတာ အေလာင္း ကို ထိုင္း နယ္ေျမ အတြင္း ေတာ ထဲတြင္ ေတြ႕ရွိ ေၾကာင္း သတင္း ေပးပို႔ ခ်က္ကို ရရွိ သျဖင့္ ေဖေဖာ္ဝါရီ (၁၇) ရက္ တြင္ ဗိုလ္မႉးႀကီး သူရ တင္ေမာင္ေအး အပါ အဝင္ ေရွ႕တန္း တပ္မဟာ (၉) မွ အဖြဲ႕ တစ္ဖြဲ႕ ေလယာဥ္ ပ်က္က် သည့္ ေနရာ သို႔ ထြက္ခြာ ခဲ့ၾက သည္။ သတင္း ရထား သည့္ ေျမပုံၫႊန္း အေရာက္ တြင္ ေရွ႕ပိုင္း တစ္ခု လုံး မီးေလာင္ ၍ ခါးလယ္ မွ က်ိဳးသြား သည့္ ေလသူရဲ ဗိုလ္ ပီတာ ၏ တိုက္ ေလယာဥ္ ကို ေတြ႕ရွိ ရေတာ့ သည္။ ေလယာဥ္ ပ်ံ သည္ ရန္သူ ေလယာဥ္ မွ ပစ္ခတ္ လိုက္ေသာ က်ည္ ထိမွန္ ၿပီး ေျမျပင္ ေပၚသို႔ အရွိန္ ျပင္းစြာ ျဖင့္ ရွပ္ဆင္း သြားသည့္ စြတ္ေၾကာင္း ႀကီး ေတြ႕ရွိ ရၿပီး ဗိုလ္ ပီတာ ၏ အေလာင္း ကိုမူ က်ိဳးပဲ့ ေနေသာ ေလယာဥ္ပ်ံ ၏ အေတာင္ တစ္ခု ေပၚတြင္ တင္ထား သည္ကို ေတြ႕ရွိ ရသည္။ ေလယာဥ္ ကိုယ္ထည္ တြင္ ဒသမ ၅ မမ က်ည္ တစ္ခ်က္ မွန္ ထားၿပီး ထို က်ည္ဆန္ က ဗိုလ္ပီတာ ကိုပါ ထိမွန္ ကာ ၎ ၏ နံ႐ိုး ငါးေခ်ာင္း က်ိဳးသြား သည္ ကို စစ္ေဆး ေတြ႕ရွိ ရသည္။ ထို ျမင္ကြင္း တစ္ခု လုံးကို ေလ့လာ ဆန္းစစ္ ခ်က္ အရ ေလယာဥ္ ကို စစ္ေဆး သူ အားလုံးက ေလယာဥ္ သည္ ေျမျပင္ သို႔ ေကာင္းမြန္ စြာ ထိန္းေက်ာင္း ၿပီး ဆင္းသက္ လာသည့္ သေဘာ ေတြ႕ရ သည့္ အတြက္ ဤမွ် ျပင္းထန္ ေသာ ဒဏ္ရာ ျဖင့္ ေလယာဥ္ပ်ံ ကို ႏိုင္နင္း စြာ ထိန္းေက်ာင္း သက္ဆင္း ခဲ့သူ ဗိုလ္ပီတာ ၏ သက္လုံ ေကာင္းမႈ၊ သတၱိ ရွိမႈ၊ သတိ ေကာင္း မြန္မႈ မ်ားကို အံ့ၾသ ခ်ီးမြမ္း ခဲ့ၾက သည္။ 

ထို ေလယာဥ္ ပ်ံႀကီး ပစ္ခ် ျခင္း ခံခဲ့ ရၿပီး ေနာက္ ရက္မ်ား မၾကာမီ ထို ကိစၥ ႏွင့္ ပတ္သက္ၿပီး အေျခ အေန မွာ ပိုမို ဆိုးဝါး ျပင္းထန္ လာၿပီး ထို စစ္ဆင္ ေရး ေဒသ တြင္ ဖမ္းဆီး ရမိေသာ လက္နက္ မ်ား မွာ (KMT) တ႐ုတ္ျဖဴ မ်ား ထံသို႔ ေပးပို႔ ခဲ့ေသာ အင္အားႀကီး ႏိုင္ငံ တ ႏိုင္ငံ မွ ထုတ္လုပ္ သည့္ လက္နက္ ခဲယမ္း မ်ားသာ ျဖစ္ေၾကာင္း ျမန္မာ့ သတင္း မီဒီယာ မ်ားက သက္ေသ အေထာက္ အထား မ်ားႏွင့္ ေဖာ္ျပ လိုက္ သည္။ ေဖေဖာ္ ဝါရီ (၁၈) ရက္ တြင္ မႏၲေလး ၿမိဳ႕ရွိ ထို အင္အားႀကီး ႏိုင္ငံ ၏ ေကာင္ စစ္ဝန္ ႐ုံး ေရွ႕တြင္ ဆႏၵ ျပ ကန႔္ကြက္ မႈ မ်ား စတင္ ျဖစ္ပြား ခဲ့ပါ ေတာ့ သည္။ ထို႔ အတူ ေဖေဖာ္ဝါရီ (၂၁) ရက္ တြင္ ရန္ကုန္ ၿမိဳ႕၌ လူထု အင္အား (၁ဝဝဝဝ) ခန႔္ စု႐ုံး ၍ ကန႔္ကြက္ ၾက ေၾကာင္း ျမန္မာ့ သတင္း မီဒီယာ မ်ား၏ ေရွ႕ မ်က္ႏွာ စာေခါင္းစီး မ်ားတြင္ ေဖာ္ျပ ခဲ့ ပါသည္။ ထို သတင္း မ်ား တြင္ ဆက္လက္ ေဖာ္ျပ ခဲ့ရာ ၌ ဆႏၵ ျပ သူ လူထုႀကီး မွာ သံ႐ုံး ကို ဝင္ေရာက္ စီးနင္း တိုက္ခိုက္ ရန္ ႀကိဳးပမ္း ၾက သျဖင့္ လုံၿခဳံ ေရး တပ္ဖြဲ႕ ဝင္မ်ား က ေမာင္းျပန္ ေသနတ္ မ်ား ကို မိုးေပၚ ေထာင္ေဖာက္ ၍ လူစုခြဲ ခဲ့ ရေၾကာင္း၊ ထို ဆႏၵ ျပပြဲ တြင္ လူေပါင္း ၄ဝ ခန႔္ ႏွင့္ ရဲ တပ္ဖြဲ႕ သုံးေယာက္ ျပင္းထန္ စြာ ဒဏ္ရာ ရရွိ ခဲ့ေၾကာင္း ေဖာ္ျပ ခဲ့သည္။

ထို႔ေၾကာင့္ အေမရိကန္ အစိုးရ ႏိုင္ငံျခား ေရး ဌာန က ရန္ကုန္ ရွိ စစ္သံမႉး ကို က်ိဳင္းတုံ သို႔ ေစလႊတ္ ခဲ့ၿပီး စစ္ေဆး ခဲ့သည္။ ထို အရာရွိ မ်ား က (KMT) ထံ မွ ဖမ္းဆီး ရမိ ေသာ လက္နက္ ခဲယမ္း မ်ား ကို စစ္ေဆး ခဲ့ရာ အေမရိကန္ လုပ္ အမွတ္ အသား မ်ား ပါရွိ ေၾကာင္း ေတြ႕ရွိ ခဲ့ၿပီး အခ်ိဳ႕ မွာ ဒုတိယ ကမာၻစစ္ အတြင္း က အသုံးျပဳ ခဲ့ေသာ လက္နက္ ေဟာင္း မ်ား ျဖစ္ၾက ေၾကာင္း၊ ေတြ႕ရွိ ရေသာ လက္နက္ အားလုံး အေမရိကန္ လုပ္ လက္နက္ မ်ား မဟုတ္ ေသာ္လည္း ယတိျပတ္ ေျပာရန္ ခက္ခဲ ေၾကာင္း အေမရိကန္ တို႔က ေဖာ္ျပ ခဲ့ပါသည္။ ေဖေဖာ္ဝါရီ ၂၄ ရက္ တြင္ အေမရိကန္ သတင္း ထုတ္ျပန္ ေရး ဌာန က ထုတ္ျပန္ ခဲ့ရာ ျမန္မာ့ ေလတပ္ က ပစ္ခ် ခဲ့ေသာ ေလယာဥ္ ပ်ံ အမ်ိဳး အစား မွာ PB4Y- ေရတပ္ သုံး ခရီး ေဝး ပ်ံသန္း ႏိုင္ေသာ (Liberator) အမ်ိဳး အစား သယ္ယူ ပို႔ေဆာင္ ေရး ႏွင့္ ဗုံးႀကဲ ေလယာဥ္ ျဖစ္ၿပီး ထို ေလယာဥ္ မွာ တ႐ုတ္ (တိုင္ေပ) မွ ျမန္မာ ျပည္ အထိ ခရီး ေဝး ပ်ံသန္း ႏိုင္စြမ္း ရွိေၾကာင္း ေဖာ္ျပ ခဲ့ ပါသည္။ အဆိုပါ ကိစၥ ေၾကာင့္ ကုလ သမဂၢ တြင္ တ႐ုတ္ျဖဴ က်ဴးေက်ာ္ မႈ ကို တရားဝင္ တိုင္တန္း ၿပီး အင္အား ႀကီး ႏိုင္ငံ တခု ၏ ပါဝင္ ပတ္သက္မႈ ကို မီးေမာင္း ထိုးျပ ႏိုင္ ခဲ့သည္။

ထို႔ေနာက္ ျမန္မာ ျပည္ ရွိ (KMT) တ႐ုတ္ျဖဴ ျပႆနာ မွာ ကုလ သမဂၢ သို႔တိုင္ ေရာက္ရွိ သြားၿပီး ေနာက္ ကုလ သမဂၢ အစီအစဥ္ ျဖင့္ ဗန္ေကာက္ ၿမိဳ႕ တြင္ ေလး ႏိုင္ငံ စစ္ဘက္ ကိုယ္စား လွယ္မ်ား မ်က္ႏွာ စုံညီ ထိုင္၍ တ႐ုတ္ ျဖဴ တပ္ႂကြင္း တပ္က်န္ မ်ား ျမန္မာ ႏိုင္ငံမွ အၿပီး အပိုင္ ထြက္ခြာေရး ကို ေဆြးေႏြး ဆုံးျဖတ္ ခဲ့ ၾက သည္။ ေစာေစာ ပိုင္း က (KMT) တ႐ုတ္ျဖဴ မ်ား ကိစၥ ႏွင့္ ပတ္သက္ ၿပီး သတင္း မီဒီယာ ေလာက တြင္ သတိ မမူမိ ၾက ဟန္ တူပါ သည္။ ထို ေလေၾကာင္း တိုက္ခိုက္မႈ ျဖစ္ပြားၿပီး ေနာက္မွ ကမာၻက စိတ္ဝင္စားကာ သိရွိလာခဲ့ျခင္း ျဖစ္သည္။ ထိုႏွစ္ အတြင္း မွာပင္ (KMT) တ႐ုတ္ ျဖဴ မ်ား ကိစၥ ႏွင့္ ပတ္သက္ၿပီး ကမာၻ႔ သတင္း မီဒီယာ ေလာက တြင္ သတိျပဳ ကာ သတင္း?

Tuesday, 12 May 2020

အမျိုးသ္မီးများ ရင်သွေးမွေးပြီးရင် ဘာဖြစ်မလဲ

ကလေးမွေးပြီးရင် ဘာဖြစ်မယ် ဘယ်သူ့မှမပြောခဲ့တာတွေ 
၁- ဗိုက်မှာ/ပေါင်မှာ အကြောပြတ်ရာတွေ
၂- ခွဲမွေးရရင် ချုပ်ရိုးရာ နဲ့ 
၃- လိင်ခံစားမှု အရင်လိုမဟုတ်တော့တာ
၄- ဆီးစိမ့်ထွက်တတ်လို့ မခုန်ရဲ၊ နှာမချေရဲ၊ မရယ်ရဲ 
၅- သူများတွေကလေးနဲ့အရမ်းချစ်နေပေမယ့် ကိုယ်ကျတော့ ကလေးနဲ့ ၂၄ နာရီနေရရင် မပျော်ဘူးဖြစ်လာတာကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိတာ
၆- နို့က အပျိုကလိုမဟုတ်တော့ဘဲ ပျော့တွဲကျနေတာ 
၇- အရမ်းပင်ပန်းတာ 
၈- အိပ်ရေးတွေ မ,ဝတာ
၉- ကိုယ်ဝန်ဆောင်စဉ် နို့တိုက်စဉ် ကိုယ်အလေးချိန်တွေတက်ပြီး ဝ လာတာ
၁၀- ကလေးများတခုခုဖြစ်သွားလေမလားဆိုပြီး တွေးပူနေတတ်တာ
၁၁- မီးဖွါးပြီးစိတ်ဓာတ်ကျခြင်းရောဂါခံစားရတာ 

ကျွန်မ အမျိုးသားက ပြောဖူးတယ်။ 
"သားဖွားခြင်းတာဝန်က မိန်းမသားတွေ လုပ်ရလို့သာပေါ့။ ငါတို့ ယောက်ျားတွေသာ လုပ်ရမယ်ဆိုရင် လူသားမျိုးနွယ်စုဆိုတာ ပျက်သုဉ်းသွားမှာ" တဲ့....  

ဘာတွေ ပြောပြောပါလေ...  နုနယ်တယ် ပျော့တယ်လို့ ထင်ရတဲ့ အမျိုးသမီးတွေဟာ မိခင်အဖြစ်ရပ်တည်လာရတဲ့အခါ အတော့်ကို အကြမ်းခံနိုင်တာမို့ မိခင်များအားလုံးကို လေးစားလျက်.....  

Myanmar Parents - မြန်မာမိဘများအတွက်
 
Credit

ibaby မေမေတို့ကော 
ဘာအတွေ့အကြုံတွေရှိသေးလဲ။
ဖြည့်စွတ်ပေးပါအုံး။

Monday, 4 May 2020

အရေးအလုပ်ဖိုးလိုပါတယ်

အရေးမလုပ်ဖို့
=============

ခင်မင်မူဆိုတာ၊ 
ေ၀းလို့ရတယ်၊ နီးလို့လည်းရတယ်၊ 
တန်ဖိုးထားမူပေါ်မှာပဲ မူတည်ပါတယ်။

မေတ္တာရှိတယ်ဆိုတာ၊ 
နက်လို့ရတယ်၊ တိမ်လို့လည်းရတယ်၊ 
စစ်မစစ်ပေါ်မှာပဲ တည်ပါတယ်။
 
လူမူရေးဆိုတာ၊ 
ရူပ်ထွေးလို့ရတယ်၊ လွယ်ကူလို့ရတယ်။ 
စိတ်ရှင်းမရှင်း အပေါ်ပဲ တည်ပါတယ်။ 

လူရယ်လို့ဖြစ်လာရင်၊
သင်ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊
တန်ဖိုးသိတဲ့လူနဲ့ တိုးဖို့တော့ လိုလိမ့်မယ်။

သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊ 
တန်ဖိုးထားတတ်တဲ့လူနဲ့ ဆုံဖို့ အရေးကြီးပါတယ်။ 

ဆိုလိုတာက...
သင်ဘယ်လောက်ကောင်းအောင်လုပ်လုပ်
လက်ညိုးထိုးတဲ့လူ၊ ပြစ်တင်တဲ့လူ၊
ကြက်ဥထဲမှာ အရိုးကို ရှာဖွေတဲ့လူ ရှိနေအုန်းမှာပါ။ 

အဲဒါကြောင့်
လူတိုင်းကို ကျေနပ်နှစ်သက်အောင် ကြိုးစားစရာမလိုပါဘူး၊ 
ဖြစ်လည်း မဖြစ်နိုင်ပါဘူး၊
ဒါပေမဲ့၊ စိတ်ရှင်းဖို့တော့ လိုတာပေါ့၊ 

လူဆိုတာ...
အလကားရတာ အကျင့်ပါသွားရင်၊
ကျေးဇူးတင်ဖို့ မေ့သွားတတ်ပါတယ်။ 

လူ့သဘာ၀အရ..
ချီးမွမ်း ခုနှစ်ရက်၊ ကဲ့ရဲ့ ခုနှစ်ရက်ပါ။
ကျွန်တော်တို့ သင်ယူထားရမှာက အေရးမလုပ္ဖို့ပါပဲ။ 
ချီးမွမ်းတုန်းက သွားအရေးလုပ်မိရင်
ကဲ့ရဲ့တဲ့အခါ စိတ်ခံစားနိုင်စွမ်း ကျသွားတတ်တယ်။ 

အဲဒီတော့၊ 
အကောင်းပြောပြော၊ အဆိုးပြောပြော
အရေးမလုပ်ဖို့လိုတယ်။ 
ကိုယ့်စိတ်ကို နိုင်အောင် ထိန်းထားဖို့ လိုတယ်။ 

အဲဒါကြောင့်....
လုပ်သင့်တဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်မယ်။ 
လျှောက်သင့်တဲ့လမ်းကြောင်းကို ဖြောင့်ဖြူးအောင်လျှောက်မယ်။ 
စိတ္ကို ဖြူစင်အောင် အတတ်နိုင်ဆုံး ကြိုးစားမယ်။
အရိုးရှင်းဆုံးဖြစ်အောင် ပြောဆိုနေထိုင်မယ်။ 

လမ်းမဖြောင့်ခဲ့ရင် ကွေ့ပတ်ပြီးလျှောက်မယ်၊
စိတ်မဖြောင့်ခဲ့ရင် တစ်ဆင့်လျှှော့ပြီး တွေးမယ်၊ 
မေတ္တာနဲ့ ေ၀းခဲ့ရင်  လွတ်ချနိုင်ဖို့ ကြိုးစားမယ်။ 

အချို့ကိစ္စတွေဟာ 
နည်းနည်းတောင့်ခံလိုက်ရင် ကျော်သွားပါတယ်။
 
အချို့ လူတွေကျတော့ 
စိတ်နည်းနည်း မာလိုက်ရင် မေ့သွားပါတယ်။

အချို့ ဒုက္ခတွေကိုတော့ 
နည်းနည်း ပြုံးလိုက်ရင် သက်သာသွားတတ်ပါတယ်။ 

ဒီကနေ့ ဘယ်လောက်ကြီးတဲ့ ကိစ္စဖြစ်နေပါစေ၊ 
မနက်ဖန်ကျရင် ကိစ္စသေးသေးလေး ဖြစ်သွားနိုင်ပါတယ်။ 
ဒီတစ်နှစ်မှာ ဘယ်လောက်ကြီးလေးတဲ့ ပြသနာဖြစ်ဖြစ်၊
လာမဲ့နှစ်မှာ ရီစရာ ဖြစ်သွားနိုင်ပါတယ်။ 
ဒီဘ၀မွာ ဘယ်လောက်ကြီးလေးတဲ့ ပြစ်ချက်ကြီးဖြစ်နေပါစေ၊
နောင်ဘ၀မှာ ပုံပြင်အဖြစ်ပဲ ကျန်ခဲ့ပါတော့တယ်။ 

လူဆိုတာ ကောင်းကင်မှာ ပျံသန်းနေတဲ့ တိမ်တိုက်နဲ့ တူတတ်ပါတယ်၊
အမြင်အားဖြင့် လွတ်လပ်ပေမဲ့၊ လေပင့်ရာသွားနေရတော့ မလွတ်လပ်ပါဘူး။
ကိစ္စတော်တော်များများမှာ၊ ကျွန်တော်တို့ အေလးထားတာ၊ အေလးမထားတာ နဲ့ မဆိုင်ပါဘူး၊ 
အလေးထားတော့လည်း ဘာမှမတတ်နိုင်လို့ပါ။ 

အဲဒီတော့....
လစ်လျူရူ့တတ်တဲ့ အကျင့်၊အလေးမထားတဲ့အကျင့်
မွေးမြူထားဖို့ လိုအပ်ပါတယ်။

ပြန်လည်မျှဝေပါသည်။

Thursday, 18 April 2019

ထိုိင္းႏိုင္ငံသုိ႔လာေရာက္အလုပ္္လုပ္ကိုင္ရန္ ျပင္ဆင္ေနသူမ်ားသုိ႔ သတိေပးခ်က္။

ထုိင္းႏိုင္ငံသည္ စက္မႈလုပ္ငန္းဖြံ႔ျဖိဳးတုိးတက္ေသာႏိုင္ငံျဖစ္၍ လုပ္သားလိုအပ္မႈျမင့္မားျခင္းေၾကာင့္ အိမ္နီး ခ်င္း ႏိုင္ငံမ်ားမွ ႏိုင္ငံျခားသားအလုပ္သမား မ်ားစြာ လာေရာက္အလုပ္လုပ္ကို္င္လ်က္ ရွိသည္မွာ လြန္ခဲ့ေသာ ဆယ္စုႏွစ္ ေပါင္းမ်ားစြာကတည္းကပင္ျဖစ္ပါသည္။ ထုိအိမ္နီးခ်င္ႏိုင္ငံမ်ားထဲတြင္ ျမန္မာႏိုင္ငံလဲ ပါ၀င္ပါသည္။ သုိ႔ျဖစ္၍ ထုိင္းႏုိင္ငံသုိ႔လာေရာက္ရန္ျပင္ဆင္ေနေသာ ျမန္မာျပည္မွ အလုပ္သမားမ်ားသတိျပဳသင့္သည့္ အခ်က္မ်ားကို ၾကိဳတင္ျပင္ဆင္ထားႏိုင္ရန္ သတိေပးလုိက္ရပါသည္။
ထုိင္းႏုိင္ငံတြင္ ျမန္မာႏိုင္ငံသားအမ်ားစုအလုပ္လုပ္ကိုင္ေနေသာ လုပ္ငန္းခြင္အေန အထား မ်ားကို ေအာက္ပါအတုိင္း ေဖာ္ျပလုိက္ရပါသည္။
အလုပ္အမ်ိဳးအစား။ ထုိင္းလူမ်ိဳးမ်ား မလုပ္ ႏိုင္သည့္ ေအာက္ေျခလုပ္သား အဆင့္ ခက္ခဲပင္ပန္းေသာ အလုပ္၊ ညစ္ပတ္နံေစာ္ ေသာအလုပ္၊ ေဘးအႏၲရာယ္ရွိေသာ အလုပ္မ်ားသာျဖစ္ပါသည္။ သက္ေတာင့္ သက္သာႏွင့္ သန္႔သန္႔ရွင္းရွင္း ေနထုိင္လုပ္ကိုင္ရေသာ အလုပ္မ်ားရွိ ေသာ္လညး္ ျမန္မာႏိုင္ငံသား လူနည္းစုသာ အခြင့္အေရး ရရွိၾကသည္။
လုပ္ငန္းခြင္အေျခအေန။ စက္ယႏၵယားမ်ားႏွင့္ ယွဥ္တြဲလုပ္ကုိင္ရျခင္း ေၾကာင့္ လ်င္ျမန္ သြက္လက္မႈ ရွိရန္ လုိအပ္ပါသည္။ အခ်ိဳ႔လုပ္ငန္းမ်ားမွာ ဆက္တုိက္မတ္တပ္ရပ္၍အလုပ္လုပ္ရျခင္း၊ အလြန္ပူ အလြန္ေအးေသာ အခန္းတြင္ လုပ္ရျခင္း၊ အေလးအပင္မရျခင္း၊ ကိုယ္လက္နာျခင္း၊ အာရံုစူးစုိက္ရျခင္း၊ သားစိမ္းငါးစိမ္း မ်ားကိုင္တြယ္သတ္ျဖတ္ရျခင္း၊ အနံ႔ဆုိးမ်ားရွိျခင္း၊ စသည့္ အေျခ အေနမ်ားေၾကာင့္ အခ်ိဳ႔မွာ မိမိ အသက္အရြယ္၊ ဘာသာေရးခံယူခ်က္၊ က်န္းမာေရးႏွင့္ မသင့္ေတာ္ ျခင္းေၾကာင့္ ဆက္လက္အ လုပ္လုပ္ရန္ အခက္အခဲရွိျခင္းမ်ား ရွိတတ္ပါသည္။
အစမ္းခန္႔ကာလ။ (MOU)စာခ်ဳပ္ ၂ ႏွစ္ ခ်ဳပ္ထားေသာ္လည္း အလုပ္ရံုစက္ရံုမ်ားတြင္ သတ္မွတ္ထား ေသာ အစမ္းခန္႔ကာလကို ေအာင္ျမင္မွ သာ အလုပ္ဆက္လုပ္ခြင့္ရွိပါမည္။ စက္ရံုအလုပ္ရံုအခ်ိဳ႔မွာ အလုပ္၀င္ျပီး ရက္ေပါင္း ၁၂၀ အတြင္း သတ္မွတ္ထားေသာ အရည္အခ်င္းစံႏႈန္းမ်ားကုိျပည့္မွီမွသာ အလုပ္သမားကို ဆက္လက္ ခန္႔ထားေလ့ရွိပါသည္။
အလုပ္ေျပာင္းျခင္း။ (MOU)စနစ္တြင္ အလုပ္ရွင္ဘက္မွ အလုပ္ထုတ္သည္ျဖစ္ေစ အလုပ္သမားမွ အလုပ္ေတာင္းထြက္သည္ျဖစ္ေစ မိမိႏုိင္ငံသုိ႔ျပန္ရပါမည္။ အလုပ္ေျပာင္းရန္အတြက္ မိမိကို ပို႔ေဆာင္ခဲ့ေသာေအဂ်င္စီကို ျပန္လည္ဆက္သြယ္ျပီး ေအဂ်င္စီမွ ဥပေဒအရစီစဥ္ ေဆာင္ရြက္ ေပးရပါမည္။ မိမိသေဘာႏွင့္ အလုပ္ ေျပာင္းပါက တရားမ၀င္ပါ။ အက်ိဳးဆက္အေနျဖင့္ လုပ္အားခ အႏွိမ္ခံရျခင္း၊ ဥပေဒအရ ရသင့္ ရထုိက္ ေသာ အေျခခံ အခြင့္အေရးႏွင့္ အကာအကြယ္မ်ား မရရွိျခင္း တုိ႔ေတြ႔ ၾကံဳ ရႏုိင္ပါသည္။ မိမိတုိ႔ ခံစားပုိင္ခြင့္ ရွိေသာ အခြင့္အေရး မ်ား ခ်ိဳးေဖာက္ခံရပါက ဥပေဒနည္းလမ္းအတုိင္း ရင္ဆုိင္ ေျဖရွင္းသင့္ပါသည္။
အလုပ္ခ်ိန္ ႏွင့္ အခ်ိန္ပုိ အိုတီ။ အလုပ္ရံုစက္ရံုမ်ားတြင္ တေန႔အလုပ္ခ်ိန္ ၈ နာရီသတ္မွတ္ထားျပီး အခ်ိန္ပို ရွိျခင္းမရွိျခင္းမွာ ရာသီ အလုိက္ေသာ္လည္းေကာင္း၊ ကုန္ၾကမ္းသို႔မဟုတ္ေအာ္ဒါ ရွိျခင္းမရွိျခင္း အေပၚမွာ ေသာ္လည္းေကာင္း ကြာျခားႏိုင္ပါသည္။ အျမဲတမ္း အခ်ိန္ပိုရွိမည္ဟု ပံုေသမွန္းဆ၍ မရႏုိင္ပါ။ အလုပ္အကိုင္ရွာေဖြေရးကုိ ေဆာင္ရြက္ခ်ိတ္ဆက္ေပးေသာ လုပ္ငန္းရွင္ ကုိယ္စားလွယ္မ်ား က တစ္ေန႔လုပ္အားခ ဘယ္ေလာက္ရမည္၊ အခ်ိန္ပို အုိတီခ ဘယ္ေလာက္ရမည္ကို သာ ေျပာေလ့ရွိေသာ္လည္း အမွန္္တကယ္ အလုပ္အေျခအေနႏွင့္ ၀င္ေငြရရွိမႈမ်ားကို ပြင့္လင္း ျမင္သာစြာ အသိေပးျခင္းမရွိပါ။ အလုပ္သမားအမ်ားစုမွာ ျမန္မာႏုိင္ငံမွ မထြက္လာ မီ အခ်ိန္ပို အုိတီ ပံုမွန္ ၂ နာရီရွိမည္၊ အိုတီေကာင္းသည့္အခါ ၂ နာရီထက္ပိုလုပ္ရမည္ဟု သာသိရွိထားၾကျပီး အခ်ိန္ပို အိုတီ လံုး၀ မလုပ္ရသည့္အခါမ်ားရွိေၾကာင္းကိုမူမသိထားၾကပါ။
ေနထုိင္သြားလာစာရိတ္။ လုပ္ငန္းစက္ရံုအေတာ္မ်ားမ်ားမွာ ေနရာထုိင္ခင္း စီစဥ္ေပးေသာ္လည္း ၊ ကုန္က်စာရိတ္ကို မိမိဘာသာ ေပးေဆာင္ၾကရပါသည္။ အခ်ိဳ႔မွာ ေနအိမ္အေဆာင္ႏွင့္ စက္ရံု အလွမ္းေ၀းျခင္းေၾကာင့္ ကားျဖင့္သြားရျခင္း၊ သြားလာစာရိတ္ကုန္ျခင္းမ်ားရွိပါသည္။ ထုိ႔အတြက္ ေနထုိင္သြားလာစာရိတ္၊ ေရခမီးခ၊ အမႈိက္ပစ္ခ စသည့္ ကုန္က်မႈကို ၾကိဳတင္သိ ရွိထားရန္လုိအပ္ပါသည္။ အလုပ္ရွင္ မွ အေဆာင္စီစဥ္ေပးမည္ဟု အလုပ္သမားမ်ားသိရွိ ရေသာ္လည္း အခမဲ့စီစဥ္ေပးျခင္းမဟုတ္ေၾကာင္းကိုမူ မသိရွိၾကပါ။
က်န္းမာေရး။ အလုပ္ရံုမ်ားတြင္ အခမဲ့ေဆးေပးခန္းရွိေသာ္လည္း ၾကီးၾကီးမားမား ဖ်ားနာပါက အျပင္ ေဆးရံုတြင္ ကုသရပါမည္။ ထုိင္းႏိုင္ငံတြင္ ေဆးကုသမႈစာရိတ္မွာ သာမန္၀င္ေငြမွ်သာရွိေသာ အလုပ္သမားအတြက္ အလြန္ေစ်းၾကီးပါသည္။ အလုပ္၀င္ျပီး ပထမ (၃)လတြင္ က်န္းမာေရး အာမခံ မရွိေသးျခင္းေၾကာင့္ ေဆးကုသမႈကုန္က်စာရိတ္ မိမိဘာသာ က်ခံရမည္ ျဖစ္သည္။ ရာသီဥတုအေျပာင္းအလဲ၊ အပူအေအးမမွ်ျခင္းေၾကာင့္ မိမိတုိ႔က်န္းမာေရးကို အထူးဂရုစိုက္ရန္ လိုအပ္ပါသည္။
ယဥ္ေက်းမႈဘာသာစကား။ လုပ္ငန္းခြင္အေနအထားခက္ခဲမႈအျပင္ လူမ်ိဳးဘာသာေပါင္းစံုႏွင့္ အတူ အလုပ္လုပ္ကို္င္ရျခင္းေၾကာင့္ ဘာသာစကားအခက္အခဲမ်ား၊ ယဥ္ေက်းမႈဓေလ့ထံုးစံကြာ ျခားမႈ အခက္အခဲမ်ားလဲ ေတြ႔ၾကံဳၾကရ ပါသည္။ မိမိတုိ႔ အလုပ္၀င္ ခါစတြင္ အလုပ္ကိုနားလည္ ကြ်မး္က်င္မႈမရွိျခင္း၊ အလုပ္ေခါင္းေဆာင္ လူမ်ိဳးျခားမ်ား ႏွင့္ ဆက္သြယ္ေျပာဆုိ ရာတြင္ ဘာသာစကား မတူျခင္းေၾကာင့္ အခက္အခဲမ်ားစြာရွိႏိုင္ပါသည္။
အထက္ေဖာ္ျပပါ လုပ္ငန္းခြင္ အေျခအေနမ်ားကို ၾကိဳတင္သိရွိျပီး ျပင္ဆင္ထားပါက အခက္ အခဲ အားလံုးကို ေအာင္ျမင္စြာ ေက်ာ္လႊားႏိုင္မည္ ျဖစ္ပါသည္။ အလုပ္သမားမ်ားသည္ လုပ္ငန္းခြင္ အေျခအေနကို ၾကိဳတင္သိရွိထားမႈမရွိျခင္း၊ အေတြ႔အၾကံဳ မရွိျခင္း၊ ဥပေဒႏွင့္ အလုပ္သမားအခြင့္အေရးမ်ားကို ေသခ်ာသိရွိနားလည္မႈ မရွိျခင္းေၾကာင့္ ထုိင္း ႏုိင္ငံသုိ႔ အသစ္၀င္ေရာက္လာေသာ ျမန္မာ အလုပ္သမားမ်ားစြာမွာ အခက္အခဲအမ်ိဳးမ်ိဳးႏွင့္ ရင္ဆုိင္ၾက ရသည့္ အခါ စိတ္ပ်က္ အားငယ္ၾကရပါသည္။
ျမန္မာႏိုင္ငံတြင္လတ္တေလာ ႏိုင္ငံေရး ျပဳျပင္ေျပာင္းလဲေရးမ်ားရွိလာျခင္းေၾကာင့္ ယခင္က ထုိင္းႏိုင္ငံသုိ႔ တရား မ၀င္လာေရာက္အလုပ္လုပ္ကိုင္ၾကရာမွ ယခုအခါ (MOU)စနစ္ ဟုေခၚေသာ ထုိင္းျမန္မာ ႏွစ္ႏိုင္ငံ အစုိးရသေဘာတူညီခ်က္ျဖင့္ လုပ္သားမ်ား တရား၀င္ ပို႔ေဆာင္ခြင့္ရရွိၾကျပီျဖစ္ပါသည္။ သုိ႔ရာတြင္ (MOU)စနစ္ သည္ ယခုလက္ရွိ ျပဳျပင္ေျပာင္းလဲမႈ အသြင္ကူးေျပာင္းေရးကာလတြင္ အေကာင္အထည္ေဖာ္ေဆာင္ရာ၌ အားနည္းခ်က္မ်ားစြာေတြ႔ရွိေနရသည္။ ေကာင္းေသာ အလုပ္အကုိင္ရွာေဖြေရး ေအဂ်င္စီမ်ားရွိသကဲ့သုိ႔ တာ၀န္ယူမႈ တာ၀န္ခံမႈနည္းေသာ အလုပ္အကုိင္ရွာေဖြေရး ေအဂ်င္စီမ်ားလည္း ရွိၾကပါသည္။ သုိ႔ျဖစ္၍ထုိင္းႏိုင္ငံသို႔(MOU)စနစ္ျဖင့္ လာေရာက္ရန္ျပင္ဆင္ေန ၾက ေသာ ေရႊ႔ေျပာင္းျမန္မာအလုပ္သမားမ်ား အား မိမိတုိ႔မလာခင္ မွန္ကန္ေသာ ေအဂ်င္စီကို ေရြးခ်ယ္ၾကရန္၊ သိထားသင့္ေသာ ကုန္က်စာရိတ္၊ လုပ္ငန္းခြင္ အေျခအေန၊ လုပ္ခလစာ၊ ေနစာရိတ္စားစရိတ္၊ ခရီးသြားလာစာရိတ္၊ က်န္းမာေရး ေစာင့္ေရွာက္မႈ အျခား အေထြေထြ ကုန္က် မႈမ်ားကို ေသခ်ာေမးျမန္းစံုစမ္းရန္ ၊ ဥပေဒႏွင့္ အေျခခံ အလုပ္သမားရပုိင္ခြင့္မ်ားကို ေလ့လာထားရန္ အၾကံျပဳလုိပါသည္။
အလုပ္သမားမ်ား အေျခခံအခြင့္အေရး၊ ရပိုင္ခြင့္ႏွင့္ အေထြေထြဗဟုသုတမ်ား သိရွိ ႏုိင္ရန္ ေရႊအိပ္မက္ မွ တဆင့္ ရွာေဖြေလ့လာျပီး သူငယ္ခ်င္းမ်ားကိုလည္း ေ၀မွ်ေပးႏုိင္ ပါသည္။ မိမိတုိ႔ရဲ႔အေတြ႔အၾကံဳမ်ားကိုလည္း ေရႊအိပ္မက္မွ တဆင့္ အမ်ားသိရွိႏိုင္ေအာင္ ေ၀မွ် ေပးဖုိ႔ ဖိတ္ေခၚလုိပါတယ္။ ဖုန္းနံပါတ္ ၁၈၀၀၀၁၀၁၈၀ (အခမဲ့) ကိုလည္းဆက္သြယ္ေမးျမန္း ႏုိင္ပါတယ္။
တုိ႔လုပ္သားမ်ားအားလံုး လုိရာဆႏၵျပည့္၀ၾကပါေစ။
ေလးစားစြာျဖင့္
အစ္ဆာရာ